တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ ဆိုင်ကယ်အပိုပစ္စည်းနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်   စက်တင်ဘာ   ၂၈


တရားမဝင်   ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီ၏    ကြီးကြပ်ကွပ်ကဲမှုဖြင့်   တရားမဝင် ကုန်သွယ်မှုများကို   ဥပဒေနှင့်အညီ  ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး    ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂၆ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ ကုန်သေတ္တာ စစ်ဆေးရေးစခန်းများ၌ တာဝန်ကျအကောက်ခွန် စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ထီးတန်းဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားသည် ထက် ပိုမိုတင်သွင်းလာသော  လူသုံးကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၆၁၅၈၀)ကို   လည်း ကောင်း၊ အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေး စခန်း၌ FDA ထောက်ခံချက် သက်တမ်းကုန်ဆုံးနေ သော အလှကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၃၈၃၆၆၅)ကို လည်းကောင်း၊ မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ သွင်းကုန်ကြေညာ လွှာ(ID)တွင် ကြေညာထားခြင်းမရှိသည့် ဆိုင်ကယ် အပိုပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် စားသုံးဆီ များ   (ခန့်မှန်းတန်ဖိုးငွေကျပ်  ၁၀၀၃၈၃၆၆၀) ကို လည်းကောင်း၊ မြန်မာအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း (သီလဝါ) ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ သွင်းကုန် ကြေညာလွှာ(ID)တွင်   ကြေညာထားသည်ထက် ပိုမိုပါရှိလာသော ဖိနပ် ၁၀၈၀၀ စုံ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁၃၄၀၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုး  ငွေကျပ်       ၁၁၉၆၆၈၉၀၅  ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်း နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 


ယင်းအပြင်   နေပြည်တော်ကောင်စီနယ်မြေ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်‌ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်  မြို့နယ်သစ်တောဦးစီးဌာန ဦးဆောင် သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက် ခဲ့ရာ    လယ်ဝေးမြို့နယ်နှင့်   ဥတ္တရသီရိမြို့နယ်တို့ အတွင်း တရားမဝင်သစ်မျိုးစုံ ၀ ဒသမ ၉၈၃၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၁၇၁၂) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ   အရေးယူ   ဆောင်ရွက် လျက်ရှိသည်။

 


ထို့အတူ စက်တင်ဘာ ၂၇ ရက်တွင်  စစ်ကိုင်းတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏   စီမံခန့်ခွဲမှုဖြင့်   မုံရွာမြို့နယ်  ကျွဲရဲ ပူးပေါင်းစစ်ဆေးရေးဂိတ်၌     တာဝန်ကျပူးပေါင်း အဖွဲ့က   စစ်ဆေးမှုများ  ဆောင်ရွက်ခဲ့ရာ   Toyota Mark II  အမျိုးအစား   လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး   (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး      ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ  အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 


အလားတူ တနင်္သာရီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲ မှုဖြင့် ထားဝယ်မြို့ ပေါက်တိုင်းတံတားစစ်ဆေးရေး ဂိတ်၌  တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားမဝင်ပစ္စည်းများ တင်ဆောင် လာသည့်  မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၀၀၀၀၀၀၀)  ကို     ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။ 

 


ယင်းအပြင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်‌ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့်  တပ်မတော်(ရေ) ဦးဆောင်သော ပူးပေါင်းအဖွဲ့က ပုသိမ်မြို့နယ်  မကျီးစင်ရွာ အနောက်မြောက်ဘက် နှစ်မိုင်ခန့်အကွာ ပင်လယ်ပြင်တွင် စစ်‌ဆေးမှုများ ဆောင်ရွက်ခဲ့ရာ  စက်လှေနှစ်စီးပေါ်၌ တရားမဝင် ကျွန်းသစ်ခွဲသား ၄၀ ဒသမ ၃၈၄၈ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၆၆၅၃၉၆၈) ကို  ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ    အရေးယူဆောင်ရွက် လျက်ရှိသည်။ 

 


ထို့အတူ မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်  မြန်မာ နိုင်ငံ   ရဲတပ်ဖွဲ့   ဦးဆောင်သောပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကျိုက်ထိုမြို့နယ် ရန်ကုန် - မော်လမြိုင်ကားလမ်း၊     မိုင်တိုင်အမှတ် (၉၄ / ၁) အနီး၌    မော်တော်ယာဉ်တစ်စီးပေါ်တွင် တရားမဝင် ပျဉ်းကတိုးခွဲသားဆိုဒ်စုံ ၀ ဒသမ ၄၁၅၀ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၇၅၀၀)ကို ဖမ်းဆီး ရမိခဲ့ပြီး     သစ်တောဥပဒေနှင့်အညီ     အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

၎င်းအပြင် စက်တင်ဘာ ၂၈ ရက်တွင် ပဲခူးတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှု  တိုက်ဖျက်ရေး အထူးအဖွဲ့၏     စီမံခန့်ခွဲမှုဖြင့်   တိုင်း‌ဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်၊ တောင်ငူ ခရိုင်နှင့် သာယာဝတီခရိုင်များအတွင်း တရားမဝင် သစ်မျိုးစုံ   ၁၀ ဒသမ ၆၇၇၈ တန်   (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၈၀၄၂၂၈)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အ‌ရေးယူဆောင်ရွက်လျက်ရှိသည်။

 


သို့ဖြစ်ပါ၍  စက်တင်ဘာ  ၂၆ ရက်၊ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၆ မှု၊  (ခန့်မှန်းတန်ဖိုးငွေကျပ်  ၂၀၅၅၃၆၃၁၃) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။  


သတင်းစဉ်