ရုရှား - မြန်မာ နှစ်နိုင်ငံရေထွက်ကုန်လုပ်ငန်းပူးပေါင်းဆောင်ရွက်မှုမှ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှု၏ လင်းရောင်ခြည်များ ယှက်သန်းစေလျက်

 

ရန်ကုန်   စက်တင်ဘာ  ၂၇


ရုရှားဖက်ဒရေးရှင်းနိုင်ငံ   ဖက်ဒရယ် ငါးလုပ်ငန်းအေဂျင်စီ၏    အကြီးအကဲ Mr.Ilya Shestakov ၏  ဖိတ်ကြားမှုဖြင့် မြန်မာနိုင်ငံမှ  စိုက်ပျိုးရေး၊  မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဒေါက်တာ   အောင်ကြီး      ဦးဆောင် သော    မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၂၁ မှ၂၃ ရက်အထိ စိန့်ပီတာ စဘတ်မြို့  St.Petersburg Exhibition and Convention Center ၌ ကျင်းပခဲ့ သော Global Fisheries Fourm and Seafood Expo Russia  ဖိုရမ်ဖြစ်သည့် (၅)ကြိမ်မြောက်     အပြည်ပြည်ဆိုင်ရာ ငါးလုပ်ငန်းဖိုရမ်နှင့်   ဆက်စပ်လုပ်ငန်း များဆိုင်ရာ   ရေလုပ်ငန်းကုန်စည်ပြပွဲသို့ တက်ရောက်ခဲ့သည်။ 

 


ထိုသို့တက်ရောက်ရာတွင်   မြန်မာ့ ရေထွက်ကုန်များ    တန်ဖိုးမြှင့်ထုတ်လုပ် နိုင်ရန်၊ ပင်လယ်ပြင်  ငါး/ ပုစွန်ဖမ်းဆီးရာ တွင်  Deep Sea ၌   ကမ္ဘာ့နိုင်ငံများနှင့် ရင်ပေါင်တန်းဖမ်းဆီးနိုင်မည့်  နည်းပညာ ပိုင်းဆိုင်ရာနှင့်  မြန်မာနိုင်ငံတွင်  မွေးမြူ ထုတ်လုပ်မှု    အောင်မြင်လျက်ရှိသည့် ရေငန်ပုစွန်ဖြူကို  ရုရှားနိုင်ငံသို့  တင်ပို့ နိုင်ရေးအပါအဝင် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်   ရေထွက်ကုန်ကဏ္ဍဆိုင်ရာ   ပြည်ပ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး      နိုင်ငံတော် အတွက် စီးပွားရေးအခွင့်အလမ်းများစွာ သယ်ဆောင်လာခဲ့သော  ဒုတိယဝန်ကြီး နှင့်  အဖွဲ့အား  ရေထွက်ကုန်ကဏ္ဍဖွံ့ဖြိုးမှု ဆိုင်ရာနှင့်     စပ်လျဉ်း၍     တွေ့ဆုံ မေးမြန်းခဲ့သည်များကို   ဖော်ပြလိုက်ပါသည်။

 


ဒေါက်တာအောင်ကြီး      (စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး) 


ကျွန်တော်တို့သွားခဲ့တဲ့ အပြည်ပြည် ဆိုင်ရာ    ရေလုပ်ငန်းဆိုင်ရာ    ပြပွဲမှာ ငါးလုပ်ငန်းကဏ္ဍနဲ့      ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။   ဒုတိယနေ့ဖြစ်တဲ့ စက်တင်ဘာ   ၂၂  ရက်မှာ   ရုရှားနဲ့ မြန်မာနိုင်ငံပူးတွဲပြီး    ဆောင်ရွက်မယ့် လုပ်ငန်းရပ်တွေအတွက်      လက်မှတ် ရေးထိုးခဲ့ပါတယ်။ အထူးသဖြင့် ငါးလုပ်ငန်း  ကဏ္ဍ   ဖွံ့ဖြိုးတိုးတက်ဖို့ဖြစ်ပါတယ်။ ရုရှားနိုင်ငံဟာ ငါးလုပ်ငန်းဆိုင်ရာ ဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံဖြစ်တာကြောင့် မြန်မာ နိုင်ငံအတွက်    နည်းပညာပိုင်းဆိုင်ရာနဲ့ ပစ္စည်းပိုင်းဆိုင်ရာ  အကူအညီပေးမှုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။   ရေထွက် ပစ္စည်းဖြစ်တဲ့  ငါး/ပုစွန် ထုတ်လုပ်မှုမှာ ကုန်ချော      ထုတ်လုပ်မှုပိုင်းဆိုင်ရာ နည်းပညာအကူအညီနဲ့      တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ်ထုတ်လုပ်ပြီး  တင်ပို့နိုင် ဖို့အတွက် လက်မှတ်ရေးထိုးခဲ့တာ  ရှိပါ တယ်။     ရုရှားမှာရှိတဲ့    ရေလုပ်ငန်းနဲ့ ပတ်သက်တဲ့ စက်ရုံတွေကို လေ့လာခဲ့ပြီး စိန့်ပီတာစဘတ်မြို့က       မြို့တော် ဝန်နဲ့    တွေ့ဆုံဆွေးနွေးပြီး      နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မယ့်  ကိစ္စရပ်များကို လည်း    ဆွေးနွေးခဲ့ပါတယ်။    ယခုလို ဆောင်ရွက်နိုင်ခြင်းဟာ     နိုင်ငံတော် ဝန်ကြီးချုပ်သွားရောက်ခဲ့တဲ့    ရုရှား ခရီးစဉ်ရဲ့   အကျိုးကျေးဇူးကြောင့်ပါ။ မြန်မာနိုင်ငံရဲ့      လက်ယာစိုက်ပျိုးရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ ကိစ္စရပ်တွေမှာ အကူအညီပေးဖို့     ဖိတ်ကြားမှုအပေါ် သွားရောက်     ဆွေးနွေးနိုင်ခဲ့တာဖြစ် ပါတယ်။  ဒီခရီးစဉ်ဟာ  မကြာမီကာလ အတွင်း မြန်မာ့ပင်လယ်ပြင်မှာ ငါးသယံ ဇာတတည်ရှိမှုကို   သုတေသနပြုမယ့် ကဏ္ဍနဲ့        အခြားသောကဏ္ဍများမှာ  ပူးပေါင်းလုပ်ဆောင်သွားဖို့ရှိပါတယ်။

 


အထူးသဖြင့်     ကမ်းဝေးငါးဖမ်း သင်္ဘောနဲ့ပတ်သက်ရင်  ငါးဖမ်းစက်လှေ တွေရောက်ရှိနေတဲ့    နေရာကိုသိရှိပြီး  စုံစမ်းစစ်ဆေး     ဆောင်ရွက်နိုင်အောင် နည်းပညာအကူအညီအတွက် ဆွေးနွေး ခဲ့တာရှိတယ်။    ကမ္ဘာမှာ    မြန်မာဟာ ငါးဖမ်းဆီးမှုအဆင့် ၁၀ အတွင်းမှာ ရှိပေ မယ့် ဖမ်းဆီးမှုကိရိယာနဲ့ နည်းပညာသုံးစွဲ ဖို့   လိုအပ်နေတာကြောင့်  ပင်လယ်ပြင် မှာ မီတာ ၁၀၀ အောက်ဆိုရင်  ဖမ်းဆီး လို့မရနိုင်တဲ့     အခြေအနေရှိပါတယ်။ ရေအောက်မီတာ ၂၀၀ ကနေ ငါး/ပုစွန် ဖမ်းဆီးနိုင်အောင်  နည်းပညာပိုင်းဆိုင်ရာ ကို   ဆွေးနွေးခဲ့ပြီး မကြာမီကာလအတွင်း မှာ  ရုရှားကသင်္ဘော ၁၆ စင်း လာရောက် ပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ဖို့  ရှိပါ တယ်။  မြန်မာ့ပင်လယ်ပြင်မှာ ငါး/ပုစွန် ဖမ်းဆီးမှု  နည်းပညာပိုင်းဆိုင်ရာအတွက် နည်းပညာနဲ့ ပစ္စည်းအထောက်အပံ့ရရှိ ဖို့       ဆွေးနွေးခဲ့တာလည်းရှိပါတယ်။  အပြည်ပြည်ဆိုင်ရာ ငါးလုပ်ငန်းဖိုရမ်မှာ ရေထွက်ကုန်ကို အဓိကထားပြီး ဆွေးနွေး တာ ဖြစ်ပေမယ့် တစ်ဖက်က မွေးမြူရေး နဲ့စိုက်ပျိုးရေး      ကဏ္ဍအတွက်လည်း ဆွေးနွေးခဲ့တာလည်း ရှိပါတယ်။

 


ရုရှားနိုင်ငံဟာ       မြန်မာနိုင်ငံကို ချစ်ကြည်ရင်းနှီးစွာနဲ့ ပူးပေါင်းဆောင်ရွက် သွားဖို့      အစီအစဉ်များစွာရှိပါတယ်။ မြန်မာနိုင်ငံဟာ စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးလာတာကြောင့်    စိုက်ပျိုးရေးနဲ့ အသားကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ ဆက်လက် ဆောင်ရွက်မယ့်    အစီအမံတွေလည်းရှိ တယ်။ ရုရှားနိုင်ငံနဲ့လက်ရှိဆောင်ရွက်မှုဟာ  ပထမဆုံးအကြိမ် သွားရောက်တာ ဖြစ်သော်လည်း တစ်ကြိမ်ဆိုရင်တစ်ကြိမ် အတိုင်းအတာနဲ့  အောင်အောင်မြင်မြင် ထူးထူးခြားခြားရှိခဲ့ပါတယ်။ ရုရှားနိုင်ငံက တာဝန်ရှိတဲ့ပုဂ္ဂိုလ်များက  ရင်းရင်းနှီးနှီး တွေ့ဆုံပြီး   ဆောင်ရွက်ခဲ့ရတာကြောင့် အခုခရီးစဉ်ဟာ      မြန်မာနိုင်ငံအတွက် လယ်ယာစိုက်ပျိုးရေးကဏ္ဍ    ဖွံ့ဖြိုးဖို့နဲ့ တောင်သူများရဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက် ဖို့အတွက်     အထောက်အကူဖြစ်စေတဲ့ ခရီးစဉ်တစ်ခုလည်းဖြစ်စေခဲ့ပါတယ်။

 


ဒေါက်တာ တိုးနန္ဒာတင်  
(မြန်မာနိုင်ငံ     ငါးလုပ်ငန်းအဖွဲ့ချုပ်       အကြီးတန်း ဒုတိယဥက္ကဋ္ဌ) 


ရုရှားနိုင်ငံက    ရေထွက်ကုန်ကဏ္ဍ အတွက်    တာဝန်ရှိသူတွေနဲ့    တွေ့ဆုံ ဆွေးနွေးပြီး   မြန်မာနိုင်ငံက    လက်မှတ် ရေးထိုးပြီးတဲ့နောက်မှာ     ရေထွက်ကုန် တင်ပို့မှုအတွက် ဆိပ်ခံတွေ၊ စက်ရုံတွေကို လာရောက်စစ်ဆေးဖို့  လိုပါ့မယ်။ EU ကို ပို့တဲ့ရေထွက်ကုန်တွေဆိုရင်   EU   က လာရောက်စစ်ဆေးတာရှိတယ်။ အဲဒီလိုပဲ ရုရှားနိုင်ငံကို      ရေထွက်ကုန်တင်ပို့မယ် ဆိုရင် ပရိုတိုကောလ်လို့ခေါ်တဲ့လုပ်ငန်း စဉ်တွေ လုပ်ဆောင်ပြီးမှ  ပို့ကုန်ကဏ္ဍကို လုပ်ဆောင်နိုင်မှာပါ။     ရုရှားမှာငါးနဲ့ ကဏန်းပေါများပြီး  အအေးပိုင်းဖြစ်လို့ ပုစွန်မွေးမြူဖို့   ခက်ခဲတဲ့အတွက်  အဓိက ပုစွန်ကို     လိုလားတာ    တွေ့ရတယ်။ တနင်္သာရီတိုင်းဒေသကြီး   ငါးလုပ်ငန်း အဖွဲ့လည်းပါလာတာကြောင့်     မွေးမြူ ထုတ်လုပ်နိုင်တဲ့အတွက် ပရိုတိုကောလ် မြန်မြန်လုပ်ဆောင်နိုင်ရင်      မြန်မြန် တင်ပို့နိုင်တဲ့     အခြေအနေရှိပါတယ်။ တရုတ်နိုင်ငံနဲ့ ပရိုတိုကောလ်ပြီးသွားလို့ MoU    ကျန်ပေမယ့်    ငါးတန်နဲ့ပုစွန် သွားလို့မရသေးဘူး။  ယခုဟာက MoU ပြီးသွားပြီး ပရိုတိုကောလ်ကဏ္ဍ ကျန်နေ သေးတယ်။       အဲဒီအပိုင်းတွေပြီးသွားမှ  ပို့ကုန်ကဏ္ဍအဆင်ပြေမှာ ဖြစ်ပါတယ်။

 


ရေထွက်ကုန်      ပို့ဆောင်ရေးမှာ ရေကြောင်းကို   အဓိကအားပြုရမှာပါ။ တိုက်ရိုက်မရရင်   တစ်ဆင့်တင်ပို့ပေးရ မယ့်နေရာ  လိုပါတယ်။  လောလောဆယ် ပုစွန်ကို စိတ်ဝင်စားတာကြောင့် တနင်္သာရီ တိုင်းဒေသကြီးမှာ  အများဆုံးမွေးမြူတာ ဖြစ်တဲ့အတွက်    ဘယ်လောက်မွေးနိုင် မလဲ၊  ဘယ်လောက်တင်ပို့ရမလဲ၊  ပရိုတို ကောလ်   ဘယ်အချိန်ပြီးမလဲ   စသဖြင့်  မြန်မြန်ဆန်ဆန်  လုပ်ဆောင်သွားမယ် ဆိုရင် ဈေးကွက်သစ်တစ်ခု  ပွင့်သွားမှာ ပါ။  နောက်တစ်ခု   မြန်မာ့ပင်လယ်ပြင် ရေနက်ပိုင်းကဏ္ဍကို မသိဘူး။ ငါး/ပုစွန် ကိုမီတာ ၂၀၀ မှာ  အနိုင်နိုင်ဖမ်းနေချိန်မှာ အခြားနိုင်ငံတွေက   မီတာ   ၁၅၀၀  မှာ ဖမ်းဆီးနိုင်နေကြပြီ။    အဲဒီလိုဖမ်းဆီးနိုင် အောင်    နှစ်နိုင်ငံ   အကျိုးတူပူးပေါင်း ဆောင်ရွက်မယ်ဆိုရင်      နည်းပညာ တတ်မြောက်သွားမှာပါ။

 

   ရေနက်ပိုင်း ရေထွက်ကုန်ဖမ်းဆီးရေး    ကဏ္ဍလည်း ဖွံ့ဖြိုးလာမှာပါ။    နော်ဝေနဲ့    မြန်မာ့ ပင်လယ်ပြင်သုတေသနလုပ်ငန်း ရပ်နား ထားတာကြာပြီဖြစ်တဲ့အတွက်  ရုရှားက သုတေသနရေယာဉ်နဲ့ ပူးပေါင်းဆောင် ရွက်ဖို့    ဆွေးနွေးခဲ့တာရှိတာကြောင့် မြန်မာ့ရေသယံဇာတ ဘယ်လောက်ရှိပြီး ဘယ်လိုဖမ်းဆီးနိုင်မယ်ဆိုတဲ့    အဖြေ ထွက်ပေါ်လာမယ်လို့ ထင်ပါတယ်။

 


ဦးသက်စိုး( တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး) 


တနင်္သာရီတိုင်းဒေသကြီးမှာ  ပနားမီး ပုစွန်မွေးမြူမှု အောင်မြင်နေတဲ့အတွက် တရုတ်နဲ့   ထိုင်းကိုတင်ပို့ဖို့  ကြိုးစား နေတာရှိပါတယ်။    အခု   ရုရှားနိုင်ငံနဲ့  ချိတ်ဆက်       ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဆိုရမှာပါ။  ရေငန်ပုစွန်ပနားမီး   မွေးမြူ ထုတ်လုပ်နေတာဖြစ်တဲ့အတွက်  ရုရှား နိုင်ငံနဲ့  ပနားမီးပုစွန်ဖြူတင်ပို့ဖို့  အခွင့် အလမ်းရခဲ့ပါတယ်။ မြန်မာ့ရေငန်ပုစွန် တင်ပို့နိုင်ပြီဆိုရင်  ရေထွက်ကုန်ပြည်ပ ပို့ကုန်ကဏ္ဍအတွက်      အခွင့်အလမ်း များစွာ  ရရှိစေမှာပါ။  လက်ရှိတရုတ်နိုင်ငံ ဖြစ်စေ၊  ရုရှားနိုင်ငံဖြစ်စေ ရေထွက်ကုန် တင်ပို့ရာမှာ   G to G  လုပ်ဆောင်နိုင်ရင် နိုင်ငံအတွက်   ရေရှည်မှာအကျိုးရှိစေပါ တယ်။     တနင်္သာရီတိုင်းဒေသကြီးမှာ ရေငန်ပနားမီး ပုစွန်ဖြူမွေးမြူတဲ့ ကုမ္ပဏီ လေးခုရှိပါတယ်။      ဝယ်လိုအားရှိရင် ရှိသလို မွေးမြူနိုင်တာကြောင့် ထုတ်လုပ် မယ့်အပိုင်းက    အဆင်သင့်ရှိနေတယ် လို့ဆိုရမှာပါ။    အားလုံးပြီးစီးသွားလို့ ပုစွန်တင်ပို့မယ်ဆိုရင်    ပို့ဆောင်မှုစရိတ် ကအစ  တွက်ချက်ရမှာ   ဖြစ်တဲ့အတွက် ခိုင်မာတဲ့ဈေးကွက်တစ်ခု       ပေါ်ထွန်းဖို့ပဲ လိုပါတယ်။ အခုခရီးစဉ်ဟာ  ရေထွက် ကုန်မွေးမြူရေးကဏ္ဍအတွက်     တန်ဖိုး ဖြတ်လို့မရတဲ့   ခရီးစဉ်ဖြစ်တာကြောင့် နိုင်ငံတော်နဲ့      ဝန်ကြီးဌာနကိုလည်း ကျေးဇူးတင်ပါတယ်။ 


တွေ့ဆုံမေးမြန်း - ညိမ်းသူ(သတင်းစဉ်)