
နေပြည်တော် စက်တင်ဘာ ၂၇
၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်း အနားကို ယနေ့ နံနက်ပိုင်း တွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း (ဗဟိုဌာန-၂) ၌ ကျင်းပပြုလုပ် ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားသည်။
တက်ရောက်
အခမ်းအနားသို့ အမျိုးသား ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီ တွဲဖက်အတွင်းရေးမှူး၊ ပြည် ထောင်စုဝန်ကြီးများ၊ နေပြည် တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည် တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြား သံရုံးများမှ သံအမတ်ကြီး များ၊ ညွှန်ကြားရေးမှူးချုပ်များ၊
အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအဖွဲ့ဝင် ခရီးသွားလုပ်ငန်းတတ်သိပညာရှင် များနှင့် ပုဂ္ဂလိကခရီးသွားအဖွဲ့အစည်း ကိုယ်စား လှယ်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးဆောင်ထောက်ပံ့ကူညီပေးလျက်ရှိ
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အဖွင့်အမှာစကားပြောကြားရာ တွင် ကမ္ဘာ့နိုင်ငံများ၌ တာဝန်ယူမှုရှိပြီး ရေရှည် တည်တံ့ခိုင်မြဲသည့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေးနှင့် ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျယ်ကျယ် ပြန့်ပြန့် သွားလာလည်ပတ်နိုင်ရေးတို့ကို မြှင့်တင် ဆောင်ရွက်နိုင်စေရန် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ကို ၁၉၄၆ ခုနှစ်က စတင်ဖွဲ့စည်းထားခဲ့ပါ ကြောင်း၊ ယနေ့အချိန်တွင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၁၆၀ က အဖွဲ့ဝင်နိုင်ငံများအဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်သည် ခရီးသွားလုပ်ငန်းနယ်ပယ် ၏ ဦးဆောင်အဖွဲ့အစည်းတစ်ခုဖြစ်သည့်အတွက် ခရီးသွားလုပ်ငန်းကို စီးပွားရေးတိုးတက်ရန် မောင်းနှင် အားတစ်ရပ်အဖြစ် မြှင့်တင်ရေး၊ ကဏ္ဍစုံဖွံ့ဖြိုး တိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ ခိုင်မြဲရေးတို့ကို အားပေးဆောင်ရွက်လျက်ရှိသည့် အပြင် ခရီးသွားလုပ်ငန်းဆိုင်ရာ မူဝါဒများနှင့် အသိပညာများ တိုးတက်ပြန့်ပွားရေးလုပ်ငန်းစဉ် များကိုလည်း ဦးဆောင်ထောက်ပံ့ ကူညီပေးလျက် ရှိသည်ကို တွေ့မြင်ရပါကြောင်း။
ယခုနှစ်အတွက် ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ် ၏ အဖွဲ့ဝင်နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံက ကမ္ဘာ့ ခရီးသွားလုပ်ငန်းနေ့အခမ်းအနားကို အိမ်ရှင်အဖြစ် ကျင်းပလျက်ရှိပြီး အထိမ်းအမှတ် ဆောင်ပုဒ်မှာ “ခရီးသွားလုပ်ငန်းဖွံ့ဖြိုးဖို့ ပြန်လည်ကြံဆဆောင်ရွက် စို့” “Rethinking Tourism” ဖြစ်ပါကြောင်း၊ ပြီးခဲ့ သည့်နှစ်များက ကမ္ဘာတစ်ဝန်း ရင်ဆိုင်ခဲ့ရသည့် ကိုဗစ်-၁၉ ကပ်ရောဂါ၏ သက်ရောက်မှုကို ခရီးသွား လုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများသည် အခက်အခဲ များစွာ ရင်ဆိုင်ခဲ့ရပါကြောင်း၊ ထိုသို့သောအခြေအနေ တွင် ခရီးသွားလုပ်ငန်းကို ပြန်လည်တွေးတော သုံးသပ်ခြင်း (Rethink)၊ ပြန်လည်ဆောင်ရွက်ခြင်း (React)၊ ပိုမိုခံနိုင်ရည်ရှိစေခြင်း (Resilient) တို့ကို ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။
ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အဖွဲ့ဝင်ဖြစ် သည့် မြန်မာနိုင်ငံအနေဖြင့် ၂၀၁၂ ခုနှစ်မှစပြီး ကမ္ဘာ့ ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ် အခမ်းအနားများ ကို ကျင်းပလာခဲ့သည်မှာ ယနေ့ဆိုပါက (၁၁)ကြိမ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါကြောင်း၊ ယခုနှစ်အတွက် သတ်မှတ်ထားသည့် ဆောင်ပုဒ်နှင့်အညီ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းများ ပြန်လည်ရှင်သန် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ အဟန့်အတားများကို ထည့်သွင်းစဉ်းစားပြီး ချမှတ် ထားခဲ့သည့် ခရီးသွားလုပ်ငန်းဆိုင်ရာ မူဝါဒများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ပြန်လည် ကြံဆ ဖော်ထုတ်ကြရမည်ဖြစ်ပါကြောင်း။
နည်းလမ်းပေါင်းစုံဖြင့် ကူညီပံ့ပိုး
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့ခရီးသွားလုပ်ငန်း လုပ်ကိုင် ဆောင်ရွက်မှုများ ရပ်တန့်လုနီးပါးဖြစ်ခဲ့ပြီး ဆက်စပ် စီးပွားရေးလုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်းကို မှီခို ရပ်တည်နေရသည့် အများပြည်သူများ၏ အလုပ် အကိုင်အခွင့်အလမ်းများလည်း များစွာထိခိုက်ဆုံးရှုံးစေခဲ့ပါကြောင်း၊ သက်ဆိုင်ရာအစိုးရများအနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်းမှာ ကပ်ရောဂါကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းစဉ်များအပြင် ခရီးသွား လုပ်ငန်းများ ရပ်တည်ရှင်သန်ရေးကို နည်းလမ်း ပေါင်းစုံဖြင့် ကူညီပံ့ပိုးပေးလျက်ရှိပါကြောင်း၊ တစ်ဖက်တွင်လည်း ကျန်းမာရေးဆိုင်ရာ ကန့်သတ် ချက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ခရီးသွားလုပ်ငန်း များ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် စဉ်ဆက် မပြတ် စီမံဆောင်ရွက်ပေးလျက် ရှိပါကြောင်း။
ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှစပြီး နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စီးပွားရေးကုစားမှုစီမံကိန်း (COVID–19 Economic Relief Plan)အရ နိုင်ငံတော်ဘဏ္ဍာငွေ၏ ၃ ရာခိုင် နှုန်းမှ ၄ ရာခိုင်နှုန်းအထိ သုံးစွဲရန် သတ်မှတ်ထားခဲ့ရာ ယနေ့အထိ ခရီးသွားကုမ္ပဏီ ၂၄၄ ခု၊ ဟိုတယ်နှင့် တည်းခိုရိပ်သာ ၃၃၉ ခုတို့ကို ငွေကျပ် ၂၁ ဒသမ ၄ ဘီလီယံ ထုတ်ချေးခဲ့ပြီးဖြစ်ပါကြောင်း၊ နိုင်ငံပိုင် ငှားရမ်းဟိုတယ်များအတွက် ငှားရမ်းခများကို ၆ လ ရွှေ့ဆိုင်းပေးခြင်းအပြင် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအထိ ၂၁ လကို ငှားရမ်းခ ၅၀ ရာခိုင်နှုန်း လျှော့ချပေးခြင်း၊ ဟိုတယ်၊ မိုတယ်၊ ခရီးလှည့်လည်ရေးလုပ်ငန်းများနှင့် ဧည့်လမ်းညွှန် များ၏ လုပ်ငန်းလိုင်စင်ကြေးများကို တစ်နှစ်စာ ကင်းလွတ်ခွင့်ပြုခြင်းများ ဖြေလျှော့ဆောင်ရွက်ပေး ခဲ့ပါကြောင်း။
ဆက်လက်အကောင်အထည်ဖော်
ထို့ပြင် ပြည်တွင်း/ပြည်ပ ခရီးသွားလုပ်ငန်း ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဦးစားပေးတစ်ရပ် အဖြစ် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန အနေဖြင့် ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူများကို နိုင်ငံတော်၏ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်များတွင် ဦးစားပေးလုပ်ငန်းတစ်ရပ်အဖြစ် ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံတစ်ဝန်း ခရီးသွား ကဏ္ဍ၌ ပါဝင်လုပ်ကိုင်သူဦးရေ ၃ သိန်းခန့်ကို ကာကွယ်ဆေးထိုးနှံပေးခဲ့ပါကြောင်း၊ ကိုဗစ် - ၁၉ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အပေါ် သက်ရောက်မှုများကို တုံ့ပြန်ဆောင်ရွက်နိုင်ရန် အတွက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ကာလတို၊ ကာလလတ်၊ ကာလရှည်ပန်းတိုင်များ အောင်မြင်စေရန်အတွက် မဟာဗျူဟာ ၁၈ ခု၊ အသေးစိတ်စီမံချက် ၉၃ ခု ပါဝင်သည့် “မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာစေရေး မဟာ ဗျူဟာလမ်းပြမြေပုံ (၂၀၂၁-၂၀၂၅)” ကို ရေးဆွဲ၍ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း။
ခရီးသွားလုပ်ငန်းများကို ပြန်လည်ဖွင့်လှစ်
ယခုအခါ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်ပွားမှု များကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ပြီ ဖြစ်သည့်အတွက် မိမိတို့ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၀၀ ကျော်သည်ခရီးသွားလုပ်ငန်းများကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်ဟု သိရှိရပါကြောင်း၊ ယခုကဲ့သို့ ပြန်လည်ဖွင့်လှစ်သည့်နေရာတွင် ခရီးသွားဧည့်သည်များ၏ ပြည်ဝင်ခွင့်ဆိုင်ရာလုပ်ထုံး လုပ်နည်းများမှာ နိုင်ငံတစ်ခုနှင့်တစ်ခု ကွဲပြားမှုများ ရှိနေသေးသည်ကို တွေ့မြင်ကြရမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဖွင့်လှစ်ပေးခဲ့သည့်အတွက် ကမ္ဘာအနှံ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ မေလအထိ ကမ္ဘာလှည့် ခရီးသည် သန်း ၂၅၀ ကျော် လှည့်လည်ဝင်ရောက်ခဲ့ပြီး ယမန်နှစ်က အလားတူကာလတွင် (၇၇) သန်း ရှိခဲ့သည့်အတွက် ယခုနှစ်တွင် ၁၇၃ သန်းခန့် ပိုမို ဝင်ရောက်ကြောင်း ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် ၏ စာရင်းဇယားများအရ သိရပါကြောင်း၊ ရာခိုင်နှုန်း အားဖြင့် ၂၂၅ ရာခိုင်နှုန်းမျှ ရှိပါကြောင်း။
ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရမည်
မြန်မာနိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ လမှစပြီး ကိုဗစ်-၁၉ ကပ်ရောဂါပြန့်ပွားမှုအခြေအနေ လျော့နည်းလာသည်နှင့်အမျှ ပြည်တွင်းခရီးသွား လာမှုများ စတင်တိုးတက်လာသည်ကို တွေ့ရှိရပါ ကြောင်း၊ ထို့ပြင် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့ မှ စတင်ပြီး နိုင်ငံတကာလေကြောင်းလိုင်းများ ပြန်လည်ခွင့်ပြုပေးခဲ့ရာတွင် ခရီးသွားလုပ်ငန်း ပြန်လည်စတင်နိုင်မည့် အလားအလာကောင်းများကို တွေ့မြင်ခဲ့ရသည့်အတွက် ကမ္ဘာလှည့် e-Visa ကို ၂၀၂၂ ခုနှစ်၊ မေ ၂၀ ရက်က စတင်ခွင့်ပြုခဲ့ပြီးဖြစ် ပါကြောင်း၊ ပြည်တွင်း/ ပြည်ပ ခရီးသွားလာမှုများ တစ်စထက်တစ်စ ဖွံ့ဖြိုးတိုးတက်နေသည်ကို တွေ့မြင်နေရပြီး လာမည့်ပွင့်လင်းရာသီတွင် မြန်မာ နိုင်ငံအတွင်း ပြည်တွင်း/ ပြည်ပ ခရီးသွားလာမှု ပိုမိုတိုးတက်လာရန်မျှော်မှန်းပြီး လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရမည် ဖြစ်ပါ ကြောင်း၊ ပြည်ပဧည့်သည်များနည်းတူ ပြည်တွင်း မှ မိမိတို့နိုင်ငံသားများကိုလည်း စိတ်ချမ်းမြေ့ ပျော်ရွှင်စွာဖြင့် ခရီးသွားလည်ပတ်နိုင်ရန်အတွက် ပြည်တွင်းခရီးသွားလုပ်ငန်းများကိုလည်း ပြည့်စုံ အောင် ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း။
အခွင့်အလမ်းများလည်းရရှိ
ခရီးသွားလုပ်ငန်း၏ သဘောသဘာဝအရ လုပ်ငန်းနယ်ပယ်ပေါင်းစုံတွင် အကျိုးဖြစ်ထွန်းစေ ပါကြောင်း၊ မြို့ပြနှင့် ကျေးလက်ဒေသများတွင်ရှိသည့် အမျိုးသမီးများ၊ လူငယ်များနှင့် ကျေးလက်နေပြည်သူ များကို အလုပ်အကိုင် အခွင့်အလမ်းများရရှိစေနိုင် သည့်အပြင် မိမိတို့ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဓလေ့များ၊ ယဉ်ကျေးမှု အမွေအနှစ်များ၊ သဘာဝအရင်းအမြစ်များနှင့် အလှအပများကို ဖွင့်လှစ်ပြသနိုင်သည့် အခွင့်အလမ်းများလည်း ရရှိ စေမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍကို ပိုမိုကောင်းမွန်စေရေး စီမံခန့်ခွဲပေးနိုင်ရန်အတွက် တာဝန်သိပြီး ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်ပေးနိုင်ရန် အတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍမှ တာဝန်ရှိ သူများ အတူတကွ ပူးပေါင်းလုပ်ဆောင်ကြရမည် ဖြစ်ပါကြောင်း။
အားလုံးသိရှိကြသည့်အတိုင်း မြန်မာနိုင်ငံအနေ ဖြင့် ခရီးသွားလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ရန် အတွက် အရင်းအမြစ်များစွာ ပိုင်ဆိုင်ထားသည့်နိုင်ငံ ဖြစ်ပါကြောင်း၊ တောင်ပေါ်၊ မြေပြန့်၊ ကမ်းရိုးတန်း၊ မြစ်ဝှမ်း၊ ပင်လယ်ကမ်းခြေများစသည့် မတူကွဲပြား ထူးခြားလှပသည့် သဘာဝရှုခင်းများ၊ သမိုင်းဝင် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ၊ အရောင် အသွေးစုံလင်သည့် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဓလေ့များနှင့် လူနေမှုဘဝပုံစံများသည် ကမ္ဘာ လှည့်ခရီးသည်များကို ဆွဲဆောင်နိုင်သည့်အရာများ ဖြစ်ကြပါကြောင်း။
အားလုံးပါဝင်ဆောင်ရွက်နိုင်
တစ်ချိန်တည်းတွင် ခရီးသွားလုပ်ငန်းအနေဖြင့် တည်းခိုနေထိုင်ရေးနှင့် ဧည့်ဝတ်ကျေပွန်ရေးကဏ္ဍ အပြင် ကျန်းမာရေးကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ လမ်းတံတားကဏ္ဍ၊ စည်ပင်သာယာ လှပရေးကဏ္ဍ၊ မြို့ပြနဲ့ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ကဏ္ဍ၊ အသေးစားအလတ်စားစီးပွားရေး လုပ်ငန်း များနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍစသည့် ကဏ္ဍစုံ ဖွံ့ဖြိုး တိုးတက်ရေးကို ချိတ်ဆက်ဖန်တီးပေးနိုင်သည့် လုပ်ငန်းတစ်ခုဖြစ်သဖြင့် တန်းတူညီမျှပြီး အားလုံး ပါဝင်ဆောင်ရွက်နိုင်ရန် အထောက်အကူပြုသည့် လုပ်ငန်းတစ်ရပ်လည်း ဖြစ်သည်ဟုဆိုနိုင်ပါကြောင်း၊ အဆိုပါလုပ်ငန်းများကို စနစ်တကျ စုပေါင်း ဆောင်ရွက်ခြင်းဖြင့် တီထွင်ဖန်တီးမှုအခြေပြုသည့် စီးပွားရေးပုံစံတစ်ရပ်ကို ဖော်ဆောင်နိုင်မည့် အလား အလာများကို တွေ့မြင်ရမည်ဖြစ်ပါကြောင်း။
နိုင်ငံအတွင်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ ပြည်တွင်းခရီးသွားလုပ်ငန်းများ တိုးတက်လာမည် ဆိုပါက နိုင်ငံ၏ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုများ သည် များစွာပြောင်းလဲသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အားလုံးမှ ကဏ္ဍအသီးသီးက ဝိုင်းဝန်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း။
ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် ခရီးသွားလုပ်ငန်း ပြန်လည်စတင်ရာတွင် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဆောင်ရွက်မှုများ၊ ကာဗွန်ထုတ်လုပ်မှု လျှော့ချရေး၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားဘဝ စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများအတွက် အင်တာနက်အခြေခံ ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြုရေးစသည့်ကမ္ဘာလုံး ဆိုင်ရာ ရည်မှန်းချက်များကိုလည်း ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ဝင်နိုင်ငံများနှင့်အတူ ပူးပေါင်းအကောင် အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။
ဝိုင်းဝန်းပံ့ပိုးကူညီဆောင်ရွက်
အထူးသဖြင့် မြန်မာနိုင်ငံကို လာရောက် လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များ စိတ်အေး ချမ်းသာစွာဖြင့် သွားလာလည်ပတ်နိုင်ရန်၊ ခရီးသွား များအတွက် လိုအပ်သည့် သတင်းအချက်အလက် များကို ဒစ်ဂျစ်တယ်နည်းပညာဖြင့် ပြည့်ပြည့်စုံစုံနှင့် လွယ်ကူလျင်မြန်စွာ ရရှိနိုင်အောင် စီစဉ်ပေးရန်၊ ခရီးသွားဧည့်သည်များ၏ ပြည်ဝင်၊ ပြည်ထွက်ခွင့် လုပ်ထုံးလုပ်နည်းများနှင့် ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များကိုလည်း လွယ်ကူရှင်းလင်းစေရန် အတွက် ဆက်စပ်ဝန်ကြီးဌာနများအားလုံးက ဝိုင်းဝန်းပံ့ပိုးကူညီ ဆောင်ရွက်သွားကြရမည်ဖြစ် ပါကြောင်း။
အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာမည်
အဆိုပါလုပ်ငန်းစဉ်များအားလုံးကိုလည်း လိုအပ် ရင် လိုအပ်သကဲ့သို့ ပြန်လည်ပြုပြင်ဖန်တီးဖော်ဆောင် သွားကြရမည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်း ဖြင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည်လည်း အခြားနိုင်ငံများနည်းတူ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ပါကြောင်း။
“ခရီးသွားလုပ်ငန်းဖွံ့ဖြိုးဖို့ ပြန်လည်ကြံဆ ဆောင်ရွက်စို့” ဆိုသည့် ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့ အထိမ်းအမှတ် ဆောင်ပုဒ်အတိုင်း မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့ပြီး ကြံ့ကြံ့ခံနိုင်ရန်အတွက် ပြန်လည်ကြံဆမည့် လုပ်ငန်းစဉ်များတွင် မိမိတို့အားလုံး တက်ညီလက်ညီ ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် တိုက်တွန်း ပါကြောင်း ပြောကြားသည်။
ယင်းနောက် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ်၏ သတင်းစကား ရုပ်သံဗီဒီယိုကို ကြည့်ရှုကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့အထိမ်းအမှတ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုး ရေး စွန့်ဦးတီထွင်မှုပြိုင်ပွဲ (Myanmar Innovative Tourism Startup Competition) တွင် ပထမဆုရရှိ သည့် ဦးကျော်မြတ်သူ၊ ဒုတိယဆုရရှိသည့် ဒေါ်ပိုး သီရိထွန်း၊ တတိယဆုရရှိသည့် ဒေါ်နီလာ၊ ရောင်စုံ ဓာတ်ပုံပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဦးမြင့်သန်း၊ ဒုတိယဆုရရှိသည့် ဦးမောင်ရ(ခ) ဦးစိုးလွင်၊ တတိယ ဆုရရှိသည့် ဦးစည်သူအောင်တို့အား ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။
ဆုများအသီးသီး ပေးအပ်ချီးမြှင့်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဒေါ်ဆုရည်ထွန်း၊ ဒုတိယဆုရရှိ သည့် ဒေါ်ခင်သူဇာဝင်း၊ တတိယဆုရရှိသည့် ဒေါ်သီတာအောင်၊ နှစ်သိမ့်ဆုရရှိသည့် ဒေါ်ခိုင်ရတနာ ထိန်ထိန်အောင်၊ ကျပန်းစကားပြောပြိုင်ပွဲတွင် ပထမ ဆုရရှိသည့် ဦးအောင်ကောင်းမြတ်၊ ဒုတိယဆုရရှိ သည့် ဒေါ်သီရိမြတ်နိုး၊ တတိယဆုရရှိသည့် ဒေါ်ခိုင် ရွှေစင်ဝင်း၊ နှစ်သိမ့်ဆုရရှိသည့် ဒေါ်ရွှေရည်လျှံမွန်း တို့အား ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဌေးအောင်က ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ် တက္ကသိုလ် အဆင့် စာစီစာကုံးပြိုင်ပွဲနှင့် အခြေခံပညာအဆင့် စာစီစာကုံးပြိုင်ပွဲတို့တွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ဆုများပေးအပ်ချီးမြှင့်သည်။
မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆုရရှိသူများနှင့်အတူ အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် များရှိ ခရီးစဉ်ဒေသအလိုက် ပြခန်းများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ ပြသထားသည့်ပြခန်းများနှင့် တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာနမှ ပြခန်းများကို လှည့်လည် ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်