
နေပြည်တော် စက်တင်ဘာ ၂၄
တပ်ကုန်းမြို့နယ်၊ ကျိုင်းတုံမြို့၊ တာချီလိတ်မြို့နယ်၊ လွိုင်လင် မြို့နယ်နှင့် ဟိုပန်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် စက်တင်ဘာ ၂၃ ရက် ညနေ ၃ နာရီခွဲတွင် တပ်ကုန်း မြို့နယ် အောင်မြေကျေးရွာအုပ်စု ဒရောက်ကူးကျေးရွာ အနီးတွင် မြင့်ငွေ မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက် အရ ညနေ ၄ နာရီတွင် အဆိုပါ နေရာ၌ စိတ်ကြွရူးသွပ်ဆေးပြား များ ရောင်းချပေးသူ စိန်ရိုးအား ဆိုင်ကယ်တစ်စီး၊ စိတ်ကြွရူးသွပ် ဆေးပြား ၄၀၀၀ နှင့် လည်း ကောင်း၊ ယင်းနေ့ ညနေ ၃ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ကျိုင်းတုံမြို့ အမှတ်(၃)ရပ်ကွက် နောင်ခမ်းကန်ပတ်လမ်း တွင် ဇော်ဇော်ဝင်း(ခ)အိုက်ဇော် မောင်းနှင်လာသည့် ဆိုင်ကယ် အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ ကိုလည်းကောင်း။
အလားတူ စက်တင်ဘာ ၂၂ ရက် ည ၉ နာရီခွဲတွင် မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင် သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ် ဝမ်လုံးကျေးရွာ အုပ်စု လွယ်စီတုံကျေးရွာအနီး တွင် ကျမော့မောင်းနှင်ပြီး အားချဲန် လိုက်ပါလာသည့် Ford အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ပြောင်းဆေးဝါးများ ရောစပ် ထားသောအမှုန့် (Happy Water) ၁ ဒသမ ၀၅ ကီလို သိမ်းဆည်းရမိခဲ့ ပြီး စစ်ဆေးချက်အရ ည ၁၀ နာရီတွင် တာချီလိတ်မြို့ ဆေခမ်း ရပ်ကွက်ရှိ ၎င်းတို့ငှားရမ်းနေထိုင် သည့် အိမ်အမှတ်(ဆခ/၁၉၀)သို့ သွားရောက် စစ်ဆေးရှာဖွေရာ ကျာရှဲ နှင့် ခနာ့ကွန်(ခ)ကွန် တို့ ကိုတွေ့ရှိရပြီး ကက်တမင်း သုည ဒသမ ၅ ကီလို၊ အိုက်စ် သုည ဒသမ ၈၅ ကီလို၊ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၆၀၀၀ နှင့် စိတ်ပြောင်းဆေးဝါးများ ရောစပ် ထားသောအမှုန့်(Happy Water) ၂ ဒသမ ၃၄၅ ကီလိုကို လည်း ကောင်း။
ထို့အတူ စက်တင်ဘာ ၂၃ ရက် ညနေ ၄ နာရီ မိနစ် ၄၀ တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင် သော ပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့နယ် ပင်လုံ(အရှေ့) ကျေးရွာအုပ်စု ကျူယုံးကျေးရွာ အနီးပင်လုံ-လဲချားသွား ကားလမ်း တွင် စိုင်းမေထာ မောင်းနှင်ပြီး စိုင်းလောင်ဆိုင်၊ စိုင်းစွမ်ဝမ်း နှင့် မနန်းယိင်း တို့ လိုက်ပါလာသည့် VIGO အမျိုးအစား မော်တော် ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေ ရာ အိုက်စ် ၂ ဒသမ ၇ ကီလိုကို လည်းကောင်း၊ ယင်းနေ့ ညနေ ၆ နာရီတွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဟိုပန်မြို့နယ် ဖတ်ဟာကျေးရွာ အုပ်စု ဖာကျွတ်(လွယ်လ)ကျေးရွာ နေ ငို့ဆီး၏နေအိမ်သို့ ဝင်ရောက် စစ်ဆေးရှာဖွေရာ နေအိမ်အိပ်ခန်း အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၂၀၀၊ ဘိန်းဖြူ သုည ဒသမ ၀၁၅ ကီလိုကို လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထား ကြောင်း သိရသည်။
သတင်းစဉ်