ကျောက်ဆည်မြို့နယ်၌ နေကြာသီးနှံ၂၆၈၇ ဧက စိုက်ပျိုးပြီးစီးပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိ

 

ကျောက်ဆည်   စက်တင်ဘာ    ၂၄


မန္တလေးတိုင်းဒေသကြီး  ကျောက်ဆည်မြို့နယ်၌  ဒေသတွင်း စားသုံးဆီ ဖူလုံပိုလျှံရေးအတွက် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီတွင်  နေကြာမျိုးစေ့ ထုတ်စိုက်ဧက ၂၀၀ အပါအဝင် နေကြာသီးနှံ ၃၁၉၇ ဧက စိုက်ပျိုးရန် လျာထားသည့်အနက် စက်တင်ဘာလတတိယပတ်အထိ ၂၆၈၇ ဧက စိုက်ပျိုးပြီးစီးပြီး  စိုက်ခင်းများမှာလည်း   အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 


မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် နေကြာသီးနှံများအောင်မြင် စေရေးအတွက် တောင်သူများအား ဒေသနှင့်   ကိုက်ညီပြီး    အောင်မြင် ဖြစ်ထွန်းသည့် မျိုးစေ့များဖြန့်ဖြူးပေးလျက်ရှိကြောင်းနှင့် မျိုးစေ့ဖူလုံ ပိုလျှံရေးအတွက် တောင်သူများနှင့် ပူးပေါင်း မျိုးစေ့ထုတ် စိုက်ခင်း ၂၀၀ ဧက စိုက်ပျိုးထားကြောင်း   သိရသည်။


သက်မောင်(ကျောက်ဆည်)