
ရန်ကုန် စက်တင်ဘာ ၂၄
မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်က ကြီးမှူး၍ သင်္ဘောသားနှင့် အာမခံလုပ်ငန်းများဆိုင်ရာ သိကောင်းစရာ ဟောပြောပွဲကို စက်တင်ဘာ ၂၃ ရက်က ကျောက်တံတားမြို့နယ် ၃၇ လမ်းရှိ အဖွဲ့ချုပ်ရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် ကပ္ပတိန်ဝင်းဇော်က နိုင်ငံတကာပင်လယ်ပြင်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် မြန်မာသင်္ဘောသားများ ရပိုင်ခွင့်များ တောင်းခံရာတွင်အာမခံစနစ်များ၊ ကန့်သတ်ချက်များ၊ ဗဟုသုတများ သိရှိနားလည်ခြင်းမရှိပါက အဆင်မပြေခြင်းများ ကြုံတွေ့ရကြောင်းအာမခံစနစ်များအကြောင်း သိရှိပါက အခက်အခဲမရှိ ရပိုင်ခွင့်များတောင်းခံနိုင်သည်ကို ရှင်းလင်းဟောပြောကြားသည်။
မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် သည် သင်္ဘောသားများ သင်္ဘောပေါ်တွင် တာဝန်ထမ်းဆောင်စဉ် ကွယ်လွန်ခြင်း၊ ပျောက်ဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရမှုအတွက် လျော်ကြေး နစ်နာကြေးရလိုခြင်းတို့ကို ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးမင်းသူရ