နေပြည်တော် စက်တင်ဘာ ၂၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ သုတေသနခြံများ၊ နည်းပညာပေး လုပ်ငန်းအတွက် စံနမူနာပြ စိုက်ခင်းများမှ ထွက်ရှိ သော ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများ၊ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူများအသင်းမှ ထွက်ရှိသည့် အခြေခံစားသောက်ကုန်များ၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ ပူးပေါင်းပါဝင်မှုဖြင့် ခြံထွက် ကြက်ဥ၊ ဘဲဥ၊ ကြက်သား၊ ပျားရည်၊ နို့ထွက်ပစ္စည်းများ၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ငါးပိ၊ ငါးခြောက် လုပ်ငန်းရှင်များအသင်း၏ ပူးပေါင်းပါဝင်မှုဖြင့် ငါး၊ ငါးပိ၊ ငါးခြောက်များကို နေပြည်တော်စည်ပင် သာယာရေးကော်မတီမှ စီစဉ်သတ်မှတ်ပေးသည့် မြို့မဈေးကားရပ်နားကွင်းမြေကွက်လပ်တွင် ရုံး ဝန်ထမ်းများ၊ နေပြည်တော်နေပြည်သူများအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိပြီး ဝန်ကြီးဌာနရုံးများ၊ အဖွဲ့အစည်းများသို့လည်း ရွေ့လျားဈေးရောင်းယာဉ်ဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့ညနေပိုင်းက လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇) သို့ သွားရောက်ရောင်းချပေးသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၏ စီစဉ်မှုဖြင့် ကိုယ်တိုင် စိုက်ပျိုးထုတ်လုပ်သူ များက ရောင်းချပေးခြင်းကြောင့် သန့်ရှင်းလတ်ဆတ် မှုရှိခြင်း၊ ဈေးနှုန်းချိုသာခြင်း၊ ကျန်းမာရေးနှင့်ညီညွတ် ပြီး အာဟာရဖြစ်စေသည့် သီးနှံသားငါးများဖြစ်ခြင်း တို့ကြောင့် လာရောက်ဝယ်ယူသူ များပြားခဲ့ကြောင်း သိရသည်။
အလားတူ အခြားဝန်ကြီးဌာနရုံး၊ အဖွဲ့အစည်း များ၊ ဝန်ထမ်းအိမ်ရာများနှင့် နေပြည်တော်နေ ပြည်သူများ သန့်ရှင်းလတ်ဆတ်ပြီး ဈေးနှုန်းချိုသာ စွာဖြင့် အလွယ်တကူဝယ်ယူနိုင်ရန် ဇမ္ဗူသီရိမြို့နယ် မြို့မဈေးအနီး အအေးခန်းသိုလှောင်ရုံတွင် စနစ် တကျ သိုလှောင်ထားရှိပြီး ရွေ့လျားဈေးရောင်းယာဉ် ဖြင့် လှည့်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်



