
မကွေး စက်တင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး ဒေသ ဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ (၄/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပရာ တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး စီးပွားရေးရာ ဝန်ကြီး ဦးအောင်ချိန်နှင့် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီအဖွဲ့ဝင်များ တက် ရောက်ကြသည်။
ရှေးဦးစွာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် က အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရ အနေဖြင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အမျိုးသား ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေး ဗဟိုကော်မတီကို ဖွဲ့စည်း၍ ဗဟိုအဆင့်ဆင့်မှ တိုင်းဒေသကြီး/ ပြည်နယ် အဆင့်ဆင့်အထိ ကော်မတီ(၃)ရပ်ဖြင့် ဟန်ချက် ညီညီ တိုးတက်စေရေးအတွက် ၂၀၁၈ ခုနှစ် ခရီးသွားလုပ်ငန်း ဥပဒေနှင့်အညီ ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ မိမိတို့ တိုင်းဒေသကြီးတွင် ၂၀၂၂ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ ပြည်တွင်း/ပြည်ပ ဧည့်သည် ဝင်ရောက်မှုများမှ ဝင်ငွေအနေဖြင့် ကျပ်သိန်း ၆၅၆၀ ခန့် ရရှိခဲ့ပြီး ဖြစ်ကြောင်းနှင့် တိုင်းဒေသကြီး အတွင်း ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းဖြင့် ဒေသခံများ လူမှု စီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်စေ ရန် တီထွင်ကြံဆဆောင်ရွက်နိုင် ရေး ဝိုင်းဝန်းဆွေးနွေးတင်ပြ ကြစေလိုကြောင်းပြောကြားသည်။
ထို့နောက် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေး မှူးက ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများ အား ရှင်းလင်းတင်ပြပြီး အစည်း အဝေး တက်ရောက်လာသူများက အကြံပြု ဆွေးနွေးကြကြောင်း သိရသည်။
ကိုစည်သူ(မကွေး)