လောက်ကိုင်မြို့နယ်ရဲတပ်ဖွဲ့ တပ်ဖွဲ့ဝင်များ ခုတင် (၁၀၀) တပ်မတော်ဆေးရုံ၌ စုပေါင်းသွေးလှူဒါန်း

 

နေပြည်တော်  စက်တင်ဘာ  ၂၃


(၅၈)နှစ်မြောက်  မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့   အထိမ်း အမှတ်ကို   ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲကွပ်ကဲမှုအဖွဲ့၊ လောက် ကိုင်မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူး သန်းကိုဦး ဦးစီး၍ တပ်ဖွဲ့ ဝင်ပေါင်း ၃၂  ဦးသည် ယနေ့ နံနက် ၉ နာရီတွင် နယ်မြေခံ  ခုတင် (၁၀၀)  တပ်မတော်စစ်ဆေးရုံ လောက်ကိုင်မြို့၌ စုပေါင်းသွေးလှူဒါန်းကြသည်။  

 


အဆိုပါ သွေးလှူဒါန်းသည့်  ရဲတပ်ဖွဲ့ဝင်များကို ဆေးတပ်ရင်းမှူး  ဗိုလ်မှူး  ကျော်လင်းဦး  (ခွဲ/စိတ် ပါရဂူ)က အားဖြည့်ဓာတ်စာများ  ပြန်လည်ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။             

 သတင်းစဉ်