
နေပြည်တော် စက်တင်ဘာ ၂၂
မွန်ပြည်နယ် ရေးမြို့နယ်၌ နှင်းစုံတံတားအမှတ် (၁/၈၅) သံကူကွန်ကရစ်တံတားအား အကြမ်းဖက် သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၂၁ ရက် ည ၆ နာရီ ၃၅ မိနစ်တွင် မွန်ပြည်နယ် ရေးမြို့နယ် လမိုင်း-တောင် ဘုံ-သောင်ပြင်-အာယုတောင်သွားကားလမ်း နှင်းစုံ ကျေးရွာ ကျောက်ခွဲစက်အနီး မိုင်တိုင်အမှတ် ၈၄ မိုင် ၀ ဖာလုံနှင့် ၅ ဖာလုံကြား အရှည် ပေ ၁၂၀ ၊ အနံ ၂၄ ပေရှိ နှင်းစုံသံကူကွန်ကရစ်တံတားအမှတ်(၁/၈၅)အား PDF အမည်ခံအကြမ်းဖက်အဖွဲ့များက မိုင်း ထောင် ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် ပေါက်ကွဲမှုကြောင့် သံကူကွန်ကရစ်တံတား၏ ယာဘက်ကြမ်းခင်း ၁၀ ပေ ခန့်ပျက်စီးဆုံးရှုံးခဲ့ပြီး ဆိုင်ကယ်နှင့် ယာဉ်ငယ် များသာ ဖြတ်သန်းသွားလာနိုင်ပြီး ယာဉ်ကြီးများ ဖြတ်သန်းသွားလာနိုင်ခြင်းမရှိကြောင်း သိရသည်။
ထိုသို့ ပျက်စီးသွားသည့် တံတားအား ပြန်လည် ပြုပြင်နိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်းနှင့် တံတားအား မိုင်း ထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမား များကို ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်