
နေပြည်တော် စက်တင်ဘာ ၂၂
နေပြည်တော်၏ Digital Transformation လုပ်ငန်းစဉ်၌ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများ၊ မိတ်ဖက် အဖွဲ့အစည်းများအနေ ဖြင့် ပူးပေါင်းပါဝင်နိုင်ရေး နေပြည် တော် မြို့တော်ဝန် ဦးတင်ဦးလွင် က ဖိတ်ခေါ်လိုက်သည်။
ယမန်နေ့ ညနေပိုင်းက ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ကာဇန်မြို့၌ ကျင်းပသည့် International Forum Kazan Digital Week- 2022 ၏ Mayor's Round Table ဖိုရမ်သို့ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးတင်ဦးလွင် သည် Online ဖြင့် တက်ရောက် မိန့်ခွန်းပြောကြားရာတွင် ယင်းကဲ့ သို့ ပြောကြားခြင်းဖြစ်သည်။
International Forum Kazan Digital Week – 2022 ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာဇန် မြို့၌ စက်တင်ဘာ ၂၁ ရက်မှ ၂၄ ရက်အထိ ကျင်းပလျက်ရှိကြောင်း၊ Mayor's Round Table ဖိုရမ်ကို “Digital Transformation of the City Management (မြို့တော်များ ၏ စီမံခန့်ခွဲမှုအား Digital အသွင် ပြောင်းခြင်း)” ခေါင်းစဉ်ဖြင့် စက်တင်ဘာ ၂၁ ရက်က သီးခြားကျင်းပခဲ့ရာ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးတင်ဦးလွင် က နေပြည်တော်မြို့တော်၏ စီမံခန့်ခွဲအုပ်ချုပ်မှုကို Digital နည်းပညာဖြင့် ဆောင်ရွက်လျက် ရှိသည့် အခြေအနေ၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်နှင့် ပူးပေါင်း၍ Corruption Prevention Unit (CPU) ဖွဲ့စည်းပြီး အဂတိလိုက်စား မှု တိုက်ဖျက်ရေးလုပ်ငန်းများကို ICT နည်းပညာအသုံးပြု၍ ဆောင် ရွက်လျက်ရှိသည့် အခြေအနေ၊ စည်ပင်သာယာရေး လုပ်ငန်းနှင့် ပတ်သက်သည့် ပြည်သူ့ဝန်ဆောင် မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေမှု ရှိ၊ မရှိကို Onlineမှ တစ်ဆင့် ပြည်သူလူထုထံမှ သဘောထားမှတ်ချက်များ ရယူ ဆောင်ရွက်လျက်ရှိသည့် အခြေ အနေ၊ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုလုပ်ငန်းများကို Digital နည်းပညာအသုံးပြု၍ ဆောင် ရွက်လျက်ရှိသည့် အခြေအနေ၊ အများပြည်သူ ဝန်ဆောင်မှု လုပ်ငန်းများတွင် e-Government စနစ် အကောင်အထည်ဖော်လျက် ရှိသည့် အခြေအနေ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီသို့ ပေးဆောင်ရန်ရှိသည့် ရေဖိုးရေခ များကို e-Payment စနစ်ဖြင့် ပေးဆောင်နိုင်သည့် အခြေအနေ၊ နေပြည်တော်ကို Safe City အဖြစ် တည်ဆောက်လျက်ရှိသည့် အခြေ အနေနှင့် နေပြည်တော်အတွက် GIS Database တည်ဆောက် လျက်ရှိသည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး ခဲ့သည်။
အဆိုပါဖိုရမ်သို့ ရုရှားဖက်ဒရေး ရှင်းနိုင်ငံ၊ တူကီယဲသမ္မတနိုင်ငံ၊ မော်လ်ဒိုဗာနိုင်ငံ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ကာဂျစ်စတန်နိုင်ငံ တို့မှ မြို့တော်ဝန်များနှင့် အကြီး အကဲများ တက်ရောက်ကြသည်။
သတင်းစဉ်