ပူတာအိုခရိုင် မချမ်းဘော့မြို့အနီးရှိ ကျောက်နဂါးသို့ လည်ပတ်သူများ စဉ်ဆက်မပြတ် လာရောက်လျက်ရှိ

 

မချမ်းဘော့  စက်တင်ဘာ  ၂၁


ကချင်ပြည်နယ်        ပူတာအိုခရိုင် မချမ်းဘော့မြို့အနီးရှိ ကျောက် နဂါးနှင့် ကျောက်နဂါးတည်ရှိရာ ကုန်းပေါ်ရှိ        အောင်တော်မူ အေးစေတီတော်   မြတ်ကြီးအား လာရောက်ဖူးမြော်လည်ပတ်သူ များ  စဉ်ဆက်မပြတ် လာရောက် လျက်ရှိကြောင်း  သိရသည်။

 


အဆိုပါ ကျောက်နဂါးဖြစ်ပေါ် လာခြင်းနှင့်       ပတ်သက်၍ လွန်ခဲ့သော     နှစ်ပေါင်းများစွာက ယခု မချမ်းဘော့တည်ရှိရာ ဒေသ တွင် အလွန်ဆင်းရဲစွာဖြင့် လုပ်ကိုင် ရှာဖွေ   စားသောက်နေထိုင်သည့် အဖွားအိုနှင့်    မြေးဖြစ်သူ  အမျိုး သမီးငယ်နှစ်ဦးတို့သည်   မလိခ မြစ်ကမ်းနံဘေးသို့ သွားရောက် စဉ်  မြေးဖြစ်သူ  အမျိုးသမီးငယ် အား    မြစ်အတွင်းရှိ      နဂါးကြီးမှ
ဆွဲယူသွားသည်ကို သိရှိသဖြင့် အဖွားအိုမှ ကျိန်ဆဲလိုက်သည့်အခါတွင်  နဂါးကြီးအား မိုးကြိုးသုံးချက်ပစ်ခဲ့ပြီး နဂါးကြီးမှာမြစ်အတွင်းမှနေ၍ ကုန်းပေါ်သို့     တက်ပြေးရာ   ယခုတည်ရှိရာ     နေရာအရောက်တွင် နောက်ဆုံးအချက်ထိမှန်ပြီး   သေဆုံးသွားရာမှ   နဂါး၏ အရိုးစုသည် ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ်  ယခုအချိန်အထိ ဖြစ်တည်လျက်ရှိကြောင်း  ဒေသခံပြည်သူများ ပြောပြချက်အရ သိရသည်။

 


နဂါးပုံသဏ္ဌာန်ဖြစ်ပေါ်နေ


ယခုလက်ရှိတွေ့ရှိရသော ကျောက်နဂါးသည် အလျားပေ ၁၃၀ ခန့် ရှည်လျား၍  လုံးပတ်ခြောက်ပေခန့်  မြေပေါ် ပေါ်လျက်ရှိပြီး  ယခင်က ကျောကုန်းပေါ်တွင် အရောင်လက်သော လဂျီးကျောက်များ ကြေးခဲ ကဲ့သို့ ကပ်လျက်ရှိပြီး လာရောက်ကြည့်ရှုလည်ပတ်သူများ ခွာယူခဲ့ကြ သည့်အတွက် ယခုမမြင်တွေ့ရခြင်းဖြစ်သည်ဟု သိရသည်။ ဘူမိဗေဒ ပညာရှင်များကမူ  ယင်းကျောက်နဂါးသည်   ငလျင်လှုပ်ခါမှုကြောင့်  ကျောက်လွှာများတွန့်ခေါက်ပြီး ဖြစ်ပေါ်လာသည့် လွှာစဉ်ဆက်ပြတ် တစ်ခုသာဖြစ်ပြီး နဂါးပုံသဏ္ဌာန်ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း မြို့နယ် သမိုင်းမှတ်တမ်းများအရ သိရသည်။


 မြို့နယ်(ပြန်/ဆက်)