ဟားခါးမြို့ရှိ ရဲတပ်ဖွဲ့ဝင်များအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်

 

ဟားခါး    စက်တင်ဘာ    ၁၄


ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်းရှိ  လုံခြုံရေး ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများ အတွက် ပြည်နယ်အစိုးရက စားသောက်ကုန်ပစ္စည်း များကို စက်တင်ဘာ ၁၃ ရက်တွင် ထောက်ပံ့ပေးအပ်သည်။

 


ဟားခါးမြို့မရဲစခန်း     အစည်းအဝေးခန်းမ၌ ကျင်းပသည့် ထောက်ပံ့ပေးအပ်ပွဲတွင် ချင်းပြည်နယ် ဝန်ကြီးချုပ်  ဒေါက်တာဝုန်ဆွန်းထန်က    ဟားခါး မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၏ လုံခြုံရေးအတွက် နေ့မအား ညမနား တာဝန်ထမ်းဆောင်နေကြသည့် ရဲတပ်ဖွဲ့ဝင်များအား အသိအမှတ်ပြု ချီးကျူးကြောင်း၊  ယနေ့ ထောက်ပံ့ ပေးအပ်သည့်       စားသောက်ကုန်ပစ္စည်းများမှာ ရဲတပ်ဖွဲ့ဝင်များ၏ ပေးဆပ်မှုကို    တန်ဖိုးဖြတ်ခြင်း မဟုတ်ဘဲ လေးစားဂုဏ်ပြုသည့်အနေဖြင့် ထောက်ပံ့ ပေးအပ်ခြင်းဖြစ်ကြောင်း အမှာစကား ပြောကြားသည်။

 


ဆက်လက်၍ အနောက်မြောက်တိုင်းစစ်ဌာန ဒုတိယတိုင်းမှူး   ဗိုလ်မှူးချုပ်    မျိုးထွဋ်လှိုင်က နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ လုံခြုံရေးကို အဓိက တာဝန်ယူဆောင်ရွက်နေသည်မှာ  တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များဖြစ်ကြောင်း၊   လက်ရှိအချိန်တွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များအကြား ယုံကြည်မှု နှင့် စည်းလုံးမှုပျက်ပြားလာအောင် သွေးထိုးလှုံ့ဆော် မှုများရှိနေကြောင်း၊      တပ်ဖွဲ့ဝင်များအနေဖြင့် စည်းစည်းလုံးလုံး          ညီညီညွတ်ညွတ်ရှိကြရန် လိုကြောင်း ပြောကြားသည်။

 


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များက ရဲတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များ အတွက် စားသောက်ကုန်ပစ္စည်းများကို  ပြည်နယ် ရဲအကူတပ်ဖွဲ့ခွဲမှူး   ဒုတိယရဲမှူးကြီး၊    ရဲမှူးနှင့် ရဲတပ်ဖွဲ့ဝင်များထံ    ပေးအပ်ပြီး   ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးစိုးလွင်မိုးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

 


မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့်     မိသားစုများအတွက် ပြည်နယ်အစိုးရအဖွဲ့က   တန်ဖိုးငွေကျပ် ၆၅၈၀၀၀၀ နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်က   တန်ဖိုး ငွေကျပ် ၂၄၀၀၀၀ ရှိသော   စားသောက်ကုန်ပစ္စည်း များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
 

ခရိုင်(ပြန်/ဆက်)