
မြစ်ကြီးနား စက်တင်ဘာ ၁၄
ကချင်ပြည်နယ် မြစ်ကြီးနား ပညာ ရေး ဒီဂရီကောလိပ်အနေဖြင့် ဆရာအတတ်ပညာ ရရှိရေး အတွက် ဒေသခံများအားလေ့ကျင့် ပြုစုပျိုးထောင်ခြင်းကို နည်းလမ်း ပေါင်းစုံဖြင့် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း (PPTT) ၈/၂၀၂၂ သင်တန်းသားများအား ကြိုဆိုခြင်းနှင့်အတူ သင်တန်း ဖွင့်ပွဲအခမ်းအနားကို စက်တင် ဘာ ၁၄ ရက် နံနက် ၉ နာရီက ကောလိပ်အတွင်းရှိ အားကစား ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြစ်ကြီးနား ပညာရေးဒီဂရီကောလိပ် ကျောင်း အုပ် ဆရာမ ဒေါ်ဥမ္မာမြင့်က ကောလိပ်မှ ဆရာများ လေ့ကျင့် ပျိုးထောင် မွေးထုတ်ပေးနေမှု အခြေအနေများနှင့် သင်တန်းသား များအား ကြိုဆိုနှုတ်ဆက်စကား ပြောကြားသည်။
ထို့နောက် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က သင်တန်းသား သင်တန်းသူများ အား ယခုလို ဆရာ ဆရာမများ မွေးထုတ်ပေးခြင်းသည် မွန်မြတ် သော လုပ်ငန်းတစ်ခုဖြစ်သလို အနာဂတ်အတွက် အင်မတန် တန်ဖိုးကြီးမားသည့် လုပ်ငန်း တစ်ရပ်အကောင်အထည်ဖော်နေ ခြင်းဖြစ်ပါကြောင်း၊ မှန်ကန်သော လူမှုအဖွဲ့အစည်းသည် အမြဲ သင်ယူနေသော လူမှုအဖွဲ့အစည်း ဖြစ်သည့်အတွက် စဉ်ဆက်မပြတ် သင်ယူမှုကို စိတ်ဝင်စားသော ကလေးငယ်များ လေ့ကျင့် မွေးထုတ်ပေးရမည် ဖြစ်ပါ ကြောင်း၊ ပညာရေး၏ အဓိက တာဝန်တစ်ရပ် ဖြစ်သည့် ကိုယ်ချင်းစာတရား၊ အပြုသဘော ဆောင် ဆက်ဆံတတ်သည့် လူသားအရင်းအမြစ်များ ပေါ်ထွန်း လာရေးနှင့် အနာဂတ်နိုင်ငံ့ သားကောင်းများ ပေါ်ထွန်းလာ အောင် ပြုစုပျိုးထောင်လေ့ကျင်သင်ကြားပေးရမည်ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ က စက်တင်ဘာ ၁ ရက်မှ အောက် တိုဘာ ၃၁ ရက်အထိ နှစ်လကြာ လုပ်ငန်းခွင်အကြို ဖွင့်လှစ် သင်ကြားသွားမည့် မူလတန်းပြ ဆရာ ဆရာမ ၂၇၈ ဦးတို့အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)