
နေပြည်တော် စက်တင်ဘာ ၁၄
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေး နှစ် ဒုတိယ (၃) လပတ်အတွင်း နေပြည်တော်ကောင်စီ၊ တိုင်း ဒေသကြီး/ ပြည်နယ် ၁၅ ခုရှိ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ ၆၀၊ ဘိုးဘွားရိပ်သာ ၈၈ ခု၊ အမျိုးသမီးဂေဟာ ၁၀ ခု၊ မသန်စွမ်းဂေဟာ ၁၁ ခု၊ ကိုယ့်အားကိုယ်ကိုး မူလတန်း ကြိုကျောင်း ၁၅၆၁ ကျောင်း၊ စေတနာ မူလတန်း ညကျောင်း ၁၄ ကျောင်းနှင့် လူငယ့်ရိပ်သာ ခြောက်ခုတို့အတွက် ထောက်ပံ့ ကြေးငွေစုစုပေါင်း ငွေကျပ် ၂၆၈၉ ဒသမ ၈၂၈ သန်း ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်း က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၌ ကျင်းပခဲ့ပြီး အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီးက မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံတော်အတွင်း မှီတင်းနေထိုင် ကြသော နိုင်ငံသူ၊ နိုင်ငံသားတို့၏ လူမှုဘဝ သာယာဝပြောရေး အတွက် မူဝါဒများ၊ ဥပဒေ၊ နည်းဥပဒေများချမှတ်၍ လူမှု ကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများကို အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းရပ်များတွင် စေတနာ့ ဝန်ထမ်း အဖွဲ့အစည်းများအား ထောက်ပံ့ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းသည် တစ်ခုအပါအဝင်ဖြစ်ပြီး စေတနာ့ ဝန်ထမ်း အဖွဲ့အစည်းများက ထူထောင်ထားရှိသော ဂေဟာ/ ရိပ်သာများကို စနစ်တကျဖွင့်လှစ် နိုင်ရေးနှင့် ကြီးကြပ်နိုင်ရေး အတွက် ရည်ရွယ်၍ ထောက်ပံ့ ကြေးများပေးအပ်ခြင်း၊ နည်းပညာ အကူအညီပံ့ပိုးပေးခြင်း၊ နိုင်ငံတော် ကိုယ်စား လူမှုရေးတာဝန်များကို တစ်ဖက်တစ်လမ်းက တာဝန်ယူ ၍ ဆောင်ရွက်ပေးခြင်းကို အသိအမှတ်ပြုသည့် အနေဖြင့် ကူညီပံ့ပိုးပေးခြင်း ဖြစ်ပါကြောင်း။
တည်ထောင်ခွင့်ပြုမိန့် ရရှိ ပြီး ဂေဟာ / ရိပ်သာများတွင် စောင့်ရှောက်ထားရှိသည့် လူပုဂ္ဂိုလ် များကို လူ့အခွင့်အရေး အပြည့် အဝရရှိစေပြီး လူမှုဝန်ထမ်းဦးစီး ဌာန၏ စစ်ဆေးကြီးကြပ်ခြင်း နှင့်အညီ ဂေဟာ/ ရိပ်သာများ တွင် အနိမ့်ဆုံးရှိရမည့် ပြုစု စောင့်ရှောက်ခြင်းနှင့် အကာ အကွယ်ပေးခြင်းဆိုင်ရာ စံချိန် စံညွှန်းများနှင့်အညီ လိုက်နာ ဆောင်ရွက်သွားရန် အထူး အလေးပေး မှာကြားလိုပါကြောင်း၊ နိုင်ငံတော်ကိုယ်စား တစ်ဖက် တစ်လမ်းက ဆောင်ရွက်ပေးနေ သော စေတနာ့ဝန်ထမ်းအဖွဲ့အစည်း များအား ကျေးဇူးတင်ရှိပါ ကြောင်း၊ စောင့်ရှောက်ထားရှိ သူများ ရေရှည်အကျိုးစီးပွားကို ဦးတည်၍ ဆောင်ရွက်ပေးကြရန် တိုက်တွန်း နှိုးဆော်လိုပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီး က အမှာစကားပြောကြားပြီး နေပြည်တော်ကောင်စီ၊ တိုင်းဒေသ ကြီး/ပြည်နယ် လူမှုဝန်ထမ်း ဦးစီးမှူးများက ဂေဟာ/ ရိပ်သာ/ ကိုယ့်အားကိုယ်ကိုး မူလတန်းကြို ကျောင်း တာဝန်ခံများကို ထောက်ပံ့ ကြေးများ လွှဲပြောင်းပေးအပ်ကာ ရိပ်သာတာဝန်ခံတစ်ဦး ဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်း ခရိုင် တောင်ဥက္ကလာပမြို့နယ် မြင်သာ မြို့ဦးပရဟိတဂေဟာမှ ဂေဟာမှူး ဦးရဲဝင်းက ဂေဟာ/ရိပ်သာများ ကိုယ်စားကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။
ထို့ပြင် လူမှုဝန်ထမ်းဦးစီး ဌာနမှ Gender/ CEDAW/ UNSCR 1325 အသိပညာပေး Online သင်တန်းဖွင့်ပွဲကို ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက်ပိုင်းက Hybrid ပုံစံဖြင့် ဖွင့်လှစ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင် တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး က အမှာစကားပြောကြားသည်။
သင်တန်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ ဝန်ကြီးဌာနအောက် ရှိ ဦးစီးဌာနရှစ်ခုမှ ဦးစီးအရာရှိ နှင့် အလယ် အလတ်အဆင့် အရာထမ်းများ၊ သင်တန်းသား သင်တန်းသူ ၃၀ ပါဝင် တက် ရောက်ကြပြီး သင်တန်းကာလမှာ စက်တင်ဘာ ၁၄ ရက်မှ ၁၅ ရက် အထိ နှစ်ရက်တာ ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်