
နေပြည်တော် စက်တင်ဘာ ၁၄
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေ ဖြင့် ဝါတွင်းကာလ ဝါဆိုသံဃာ တော်များ ဆွမ်းကွမ်း အခက်အခဲ မရှိစေရန်အတွက် တနင်္သာရီတိုင်း ဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး(ထားဝယ်) ကွပ်ကဲမှုအောက်ရှိ ကော့သောင်းခရိုင် ဘုတ်ပြင်း မြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ လှူဒါန်း လျက်ရှိကြောင်း သိရသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ဘုတ်ပြင်းမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ် ရေးရုံးမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးဘိုဘိုကျော်နှင့် တာဝန် ရှိသူများက ဓမ္မအလင်းရောင် ကျောင်းတိုက်ရှိ သံဃာတော်များ၊ စာသင်သားသာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲတို့ကို သွားရောက် ဆက်ကပ် လှူဒါန်းခဲ့ကြသည်။ နယ်စပ်ရေးရာ ဝန်ကြီးဌာနအနေ ဖြင့် တနင်္သာရီတိုင်းဒေသကြီး ခရိုင်/မြို့နယ်များရှိ ဘုန်းတော် ကြီးကျောင်းများနှင့် အခြား ဘာသာရေးကျောင်းများသို့လည်း ဆွမ်းကိစ္စရပ်များ အဆင်ပြေရန် ရည်ရွယ်၍ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများအား ဆက်လက်လှူဒါန်းသွားမည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်