နေပြည်တော်အတွင်းရှိ ဈေးများတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းများ အခမဲ့ပေးဝေခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်

 

နေပြည်တော်  စက်တင်ဘာ  ၁၄


ပြည်ထောင်စုနယ်မြေ   နေပြည်တော်အတွင်းရှိ   ဈေးများတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေး ထိန်းချုပ်နိုင်စေရန်အတွက် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှ တာဝန်ရှိသူများက ဈေးသူ ဈေးသားများနှင့်  ဈေးဝယ် လာသူများထံ နှာခေါင်းစည်းများတပ်ဆင်ရေး  အခမဲ့ဖြန့်ဝေပေးခြင်း (Mask Campaign)၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ နှာခေါင်းစည်း များကို စနစ်တကျဖြင့် လုံခြုံစွာတပ်ဆင်၍ ဈေးရောင်း/ ဈေးဝယ်ပြုလုပ် ကြရန် Hand Speakerများဖြင့် အသိပေးနှိုးဆော်ခြင်းများကို  စက်တင် ဘာလ ဒုတိယပတ်မှစတင်၍   ဈေးများအလိုက်   ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။


သတင်းစဉ်