ဟားခါးမြို့နယ်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များကို ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ပေးအပ်

 

နေပြည်တော်  စက်တင်ဘာ   ၁၃


ချင်းပြည်နယ်   ဟားခါးမြို့နယ်ရှိ    မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့်     မိသားစုဝင်များကို     ယနေ့ နံနက်ပိုင်းတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်၊   အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး   ဗိုလ်မှူးချုပ်    မျိုးထွဋ်လှိုင်နှင့် တာဝန်ရှိသူများက        ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၌ သွားရောက်တွေ့ဆုံ အမှာစကားပြောကြားသည်။

 


ထို့နောက် ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၏ တင်ပြချက်များအပေါ်    ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယတိုင်းမှူးတို့က   လိုအပ်သည်များ   ညှိနှိုင်း ဆောင်ရွက်ပေးကာ ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာ များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်