တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲ မိုင်းဆတ်တပ်နယ်ကိုယ်စားပြု(က)အသင်း တံခွန်စိုက်ဒိုင်းဆုရရှိ

 

နေပြည်တော် စက်တင်ဘာ  ၁၃


တြိဂံဒေသ  တိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ် တိုင်းမှူးဒိုင်း လက်ဝှေ့ ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို စက်တင်ဘာ ၁၂ ရက် ညနေပိုင်း တွင် တိုင်းစစ်ဌာနချုပ်  အားကစား ခန်းမ၌     ပြုလုပ်ခဲ့ပြီး   တံခွန်စိုက် ဒိုင်းဆုအား  မိုင်းဆတ်တပ်နယ် ကိုယ်စားပြု(က)အသင်းက    ရရှိ ခဲ့ကြောင်း သိရသည်။

 


အဆိုပါ      လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲသို့ တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင် များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြပြီး   ဗိုလ်လုပွဲ ပွဲစဉ်များဖြစ်သည့်   ၅၇  ကီလို လူသစ်တန်း၊   ၅၄   ကီလိုတန်း (ဂ)အဆင့်၊ ၅၇ ကီလိုတန်း(ဂ)အဆင့်နှင့်  ၇၅  ကီလိုတန်း(ခ)အဆင့်ပြိုင်ပွဲများ ယှဉ်ပြိုင်မှုများ ကို ကြည့်ရှုအားပေးကြသည်။ 

 


ထို့နောက်     ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ အကောင်း ဆုံး   ကစားသမားဆုရရှိကြသူ များ၊ အသင်းလိုက် ပထမဆုရရှိ ကြသူများ၊   ဒိုင်အဖွဲ့ဝင်များနှင့် တံခွန်စိုက်       ဒိုင်းဆုရရှိသည့် မိုင်းဆတ်တပ်နယ် ကိုယ်စားပြု (က)အသင်းတို့အား တိုင်းမှူးနှင့် တာဝန်ရှိသူများက   ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများ   ပေးအပ်ချီးမြှင့် ခဲ့ကြကြောင်း  သိရသည်။                       

သတင်းစဉ်