
တာချီလိတ် စက်တင်ဘာ ၁၃
ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့၌ ယမန်နေ့က မိုးများ အဆက်မပြတ်ရွာသွန်းမှု ကြောင့် စိုးရိမ်ရေမှတ် အထက် ကျော်လွန်ခဲ့ပြီးနောက် ယနေ့ နံနက်ပိုင်းမှစ၍ ရေများ တဖြည်းဖြည်း ပြန်လည်ကျဆင်း လျက်ရှိကြောင်း သိရသည်။
စက်တင်ဘာ ၁၁ ရက် ညပိုင်း မှစ၍ မိုးများ အဆက်မပြတ် ရွာသွန်းပြီး တောင်ကျရေ များကြောင့် မယ်ဆိုင်ချောင်း ရေကြီးရေလျှံမှုဖြစ်၍ မြေနိမ့်ပိုင်း မြို့ပေါ်ရပ်ကွက်တို့တွင် စိုးရိမ် ရေမှတ်အထက် ကျော်လွန်ခဲ့ ပြီးနောက် ယနေ့နံနက်ပိုင်း ၇နာရီ ခန့်တွင် ရေများတဖြည်းဖြည်း ပြန်လည် ကျဆင်းခဲ့ကြောင်း သိရသည်။
တာဝန်ရှိသူများ အနေဖြင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ် လာပါက အရေးပေါ်ကူညီ ကယ်ဆယ်ရေးအတွက် နယ်မြေခံ တပ်နယ်မှ ဗိုလ်မှူးကြီး မင်းမင်းထွန်း ဦးဆောင်သော နယ်မြေခံ တပ်မတော်သားများ၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဦးကျော်နှင့် တာဝန်ရှိသူများ၊ ကြက်ခြေနီ၊ လူမှုကူညီရေး ပရဟိတ အသင်းဝင်များက ရေကြီးရေလျှံမှု အဆိုးရွားဆုံး ဖြစ်ပေါ်တတ်သော နေရာများတွင် ကူညီ ကယ်ဆယ်ရေးအတွက် အသင့်စောင့်ဆိုင်း၍ ရေဘေး ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ် ခြင်း၊ ရေကင်းများ ချထားခြင်းတို့ ကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယာဆေး( ပြန်/ဆက်)