ပြည်တက္ကသိုလ်ရှိ အရာထမ်း/ အမှုထမ်း၊ မိသားစုဝင်များအား တတိယနှင့် စတုတ္ထအကြိမ် ကို‌ဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ

 

ပြည်   စက်တင်ဘာ  ၁၃


ပဲခူးတိုင်းဒေသကြီး ပြည်တက္ကသိုလ်ရှိ တာဝန်ရှိသူ များနှင့် သင်ကြား/စီမံဌာနပေါင်းစုံမှ  အရာထမ်း၊ အမှုထမ်းများနှင့် မိသားစုဝင်များအား ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ     တာဝန်ရှိသူနှင့်အဖွဲ့က ယနေ့နံနက်ပိုင်းတွင်    ယင်းတက္ကသိုလ်ဓမ္မာရုံ၌ တတိယအကြိမ်နှင့် စတုတ္ထအကြိမ်  ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံ‌ ဆောင်ရွက်ပေးခြင်းကို  ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင် နှင့် ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးတိုးလှိုင် ဦးဆောင်သော အဖွဲ့ဝင်များ   လာရောက်ကြည့်ရှု  အား‌ပေးကြောင်း သိရသည်။

 


ကာကွယ်ဆေးထိုးနှံပေးရာတွင်  ပြည်တက္ကသိုလ် ၌   တာဝန်ထမ်းဆောင်လျက်ရှိသော   ပါမောက္ခ ချုပ်နှင့်  ဒုတိယပါမောက္ခချုပ်အပါအဝင် သင်ကြား/စီမံဌာနများမှ ပါမောက္ခဌာနမှူးများနှင့် ဆရာ ဆရာမ များ၊ စီမံရေးရာဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် မိသားစုဝင်များအနက် ကိုဗစ်-၁၉‌ ရောဂါကာကွယ် ဆေးထိုးနှံမှု တတိယအကြိမ် ၁၆၀ နှင့် စတုတ္ထအကြိမ် ၂၁၃ ဦး  စုစုပေါင်း ၃၇၃ ဦးတို့ကို ပြည်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာငြိမ်းငြိမ်းအေး ဦးဆောင်သော   ခရိုင်ပြည်သူ့ကျန်းမာရေး   ဆရာ ဆရာမများအဖွဲ့က  ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး (Sinovac)        ထိုးနှံ‌ဆောင်ရွက်ပေးကြောင်း တက္ကသိုလ် တာဝန်ရှိသူများထံမှ  သိရသည်။


ကိုဆက်(ပြန်/ဆက်)