ပြည်သူ့ကြားက ပြည်သူ့စကား အစီအစဉ် ထုတ်လွှင့်မည်

 

နေပြည်တော်  စက်တင်ဘာ  ၁၃


မျက်မှောက်ကာလတွင်   ဖြစ်ပွားလျက်ရှိသော  လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှု တားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက်စကားသံများ အား သဇင်FM၏ “ပြည်သူ့ကြားက ပြည်သူ့စကား”   အစီအစဉ်မှ    “ဒလန်အကြောင်းပြ     ဓားပြ တိုက်သူများ” ခေါင်းစဉ်ဖြင့် စက်တင်ဘာ ၁၄ ရက် မွန်းလွဲ ၁ နာရီတွင်  ထုတ်လွှင့်တင်ဆက်ပေးသွား မည်ဖြစ်သည်။ 

 


လာမည့်အပတ်  ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁ နာရီတွင်  “မော်လမြိုင်မြို့မှ   လူနာပို့ဆောင်ပြီး  ရေးမြို့သို့ ပြန်လာသည့်   လူမှုကူညီရေးယာဉ်တစ်စီးအား   PDF  အမည်ခံအကြမ်းဖက်သမားများက   မိုင်းဆွဲ တိုက်ခိုက်ခဲ့”  ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ဆက်မည် ဖြစ်သောကြောင့် ပါဝင်ဆွေးနွေးလိုသူ  ပရိသတ် များအနေဖြင့်   အပတ်စဉ်   ကြာသပတေးနေ့ နံနက် ၁၀  နာရီမှ  ၁၁  နာရီအတွင်း   ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၉၅  သို့  အမည်၊  နေရပ်လိပ်စာ၊     အလုပ်အကိုင်နှင့်     ပြန်လည်ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို Message ပေးပို့ပါဝင်နိုင်ပြီဖြစ် ကြောင်းနှင့်    ပါဝင်လာသည့်   ပရိသတ်များ၏ ဖုန်းနံပါတ်များနှင့်  ကိုယ်ရေးအချက် အလက်များ အား လျှို့ဝှက်ပေးထားမည်ဖြစ်သည်။

သတင်းစဉ်