ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရားအမှတ် (၁၄၆၇) လောကဥသျှောင်ဘုရား အရှေ့ဘက်အဝင်မုခ် တောင်ဘက်ခြမ်းစိုင်ပေါင်မှ အုတ်ချပ်များကွာကျမှုဖြစ်

 

ညောင်ဦး   စက်တင်ဘာ   ၁၃


မန္တလေးတိုင်းဒေသကြီး  ညောင်ဦး မြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ ဘုရားအမှတ်(၁၄၆၇) လောကဥသျှောင်ဘုရား   အရှေ့ ဘက်မုခ်အဝင်   တောင်ဘက်ခြမ်း စိုင်ပေါင်မှ    အုတ်ချပ်ကွာကျမှု စက်တင်ဘာ  ၁၁ ရက်    မွန်းလွဲ  ၁ နာရီ မိနစ် ၂၀ ခန့်က   အုတ်ချပ် များကွာကျမှု    ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 


ဘုရားအမှတ်      (၁၄၆၇) လောကဥသျှောင်    ဘုရားသည် တောင်ဘီကျေးရွာ အနီးတွင်ရှိပြီး စက်တင်ဘာ ၉ ၊ ၁၀၊ ၁၁ ရက်တို့ တွင်   ညောင်ဦးမြို့နယ်အတွင်း မိုးရွာသွန်းမှု များခဲ့ရာ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ      လက်ထောက် ညွှန်ကြားရေးမှူး  ဦးဇေယျာလွင်၊ ပုဂံနယ်မြေရဲစခန်းမှ     ဒုရဲအုပ် နေထက်ဝင်း၊ တောင်ဘီကျေးရွာ အုပ်ချုပ်ရေးမှူးတို့သည်   မိုးရွာ သွန်းမှုကြောင့် ရှေးဟောင်းစေတီ၊ ပုထိုး၊ အုတ်အဆောက်အအုံများ ပျက်စီးမှု ရှိ/မရှိ လိုက်လံကြည့်ရှု စစ်ဆေးခဲ့ရာ  တောင်ဘီကျေးရွာ အနီးရှိ    ဘုရားအမှတ်   (၁၄၆၇) လောကဥသျှောင်   ဘုရားအရှေ့ ဘက်မုခ်       တောင်ဘက်ခြမ်း စိုင်ပေါင်မှ    အလျား  ၁  ပေ  ၉ လက်မ၊ အနံ ၁ ပေ  ၉ လက်မခန့်၊ အမြင့် ၄ ပေခန့်၊  ထု ၁ ပေခန့် ပျက်စီးကွာကျခဲ့ကြောင်း သိရပြီး ရှေးမူမပျက်    ပြန်လည်ပြုပြင် နိုင်ရေး      ဆောင်ရွက်လျက်ရှိ ကြောင်း ရှေးဟောင်းသုတေသနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) ထံမှ သိရသည်။

ကိုကြေးမုံ