
ပုသိမ် စက်တင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အခြေခံလူတန်းစားများအတွက် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများမှ CMP အထည်ချုပ်လုပ်ငန်း များ၊ သားရေလက်ကိုင်အိတ်လုပ်ငန်း၊ ခေါင်းစွပ်၊ ဆံပင်တု လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း တိုင်းဒေသကြီး အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
အဆိုပါ လုပ်ငန်းများတွင် ပြည်ပနိုင်ငံသားများမှ ရာနှုန်းပြည့် လာရောက် ရင်းနှီးမြှုပ်နှံလျက်ရှိသော ပုသိမ်မြို့စက်မှုဇုန်၌ အထည်ချုပ်လုပ်ငန်း ရှစ်ခု၊ ပုသိမ်စက်မှုမြို့တော် စီမံကိန်းတွင် အထည်ချုပ်လုပ်ငန်း နှစ်ခု၊ ပုသိမ်မြို့ တဲကြီးကုန်းရပ်ကွက်၌ အထည်ချုပ်လုပ်ငန်း တစ်ခု၊ ကန်ကြီးထောင့်မြို့နယ်၌ အထည်ချုပ် လုပ်ငန်း တစ်ခု၊ မအူပင်မြို့နယ်၌ ခေါင်းအုံး၊ စောင်၊ အနွေးထည်၊ သားရေဖြင့် ပြုလုပ်သော အိတ်လုပ်ငန်း သုံးခု၊ ဒေးဒရဲမြို့နယ်တွင် အထည်ချုပ်လုပ်ငန်းတစ်ခုနှင့် မအူပင်မြို့နယ်နှင့် ဓနုဖြူမြို့နယ် များ၌ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုပိုင် ခေါင်းစွပ်နှင့် ဆံပင်တုလုပ်ငန်း နှစ်ခု ၊ CMP မှတစ်ဆင့်ခံ စက်ရုံ၊ အလုပ်ရုံ စုစုပေါင်း ၁၈ ခုဖြင့် အမျိုးသား ၁၁၆၁ ဦး ၊ အမျိုးသမီး ၁၄၅၉၇ ဦး၊ တိုင်းဒေသကြီးအတွင်း မှ စုစုပေါင်း ၁၅၇၅၈ ဦးတို့အား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ကြောင်း အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
မြင့်ဟန်(ပြန်/ဆက်)