မတူပီမြို့၌ အသိပညာပေးဟောပြောပွဲနှင့် နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှု ဆောင်ရွက်

မတူပီ စက်တင်ဘာ ၁၀ ချင်းပြည်နယ် မတူပီမြို့၌ ကိုဗစ်-၁၉ အိုမီခရွန်မျိုးရိုးဗီဇပြောင်း BA.4 ၊ BA.5 ရောဂါပိုး ကူးစက် ပြန့်ပွားမှုမရှိစေရေးအတွက် အသိ ပညာပေးဟောပြောပွဲနှင့် Mask Campaignကို ယမန်နေ့ နံနက်က မတူပီမြို့ စန်ဘောင်ရပ်ကွက်ရှိ မြို့မစျေးတွင် ဆောင်ရွက်ကြသည်။ အဆိုပါ လုပ်ငန်းတွင် ခေတ္တခရိုင် အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးလှ မိုးဦး၊ မြို့နယ်စည်ပင်အမှုဆောင် အရာရှိ ဦးဟုန်းဖွေ၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အား ဝန်ကြီးဌာန ဦးစီးအရာရှိ ဦးမောင်မောင်၊ မြို့နယ်ပညာရေး မှူး ဦးတင်လွေး၊ မြို့နယ်ပြန်ကြား ရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီး ဌာနဦးစီးမှူး ဒေါ်နှင်းရီ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးမောင်ဝင်းနှင့် တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဝန်ထမ်းများ စုစုပေါင်းအင်အား ၃၀ တို့က စျေးရောင်းသူ၊ စျေးဝယ်သူများ၊ နှာခေါင်းစည်း အသုံးမပြုသူများထံ နှာခေါင်း စည်း အခုရေ ၃၅၀ ကို ဝေငှပေး ခြင်းနှင့် အသိပညာပေးဟောပြော ပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ချယ်ရီမြေ(မတူပီ)