နေပြည်တော်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစီမံချက် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး

နေပြည်တော် စက်တင်ဘာ ၁၀ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း စီမံချက် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို စက်တင်ဘာ ၈ ရက်က နေပြည်တော် ကောင်စီရုံး အစည်းအဝေးခန်းမ (၁)၌ ကျင်းပသည်။ ရှေးဦးစွာ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင်က နေပြည်တော် အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အတွက် Mask Campaign ကို ဈေးများ၊ စာသင်ကျောင်းများနှင့် အခြားလူစည်ကားရာ နေရာများ တွင် ဆောင်ရွက်မည့် အစီအမံ များ၊ ကုသရေး၊ ဆေးရုံ၊ Positive Center၊ ကုသရေး စင်တာ၊ ကွာရန်တင်းစင်တာများ ပြင်ဆင် ဆောင်ရွက်ထားရှိမှုနှင့် ထပ်မံ ပြင်ဆင်ဆောင်ရွက်မည့် အစီအမံ များ၊ ကျန်းမာရေးဝန်ထမ်းများ စုဖွဲ့မှု၊ စေတနာ့ဝန်ထမ်းများစုဖွဲ့မှု၊ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ ပြင်ဆင်ဆောင်ရွက် ထားရှိမှုအစီအမံများ၊ Oxygen Plant ၊ အောက်ဆီဂျင်အိုးများနှင့် ထုတ်လုပ်နိုင်မှု(လီတာ) အခြေ အနေများနှင့် အသိပညာပေး လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်မည့် အစီအမံများကို တက်ရောက်လာသည့် ဌာနဆိုင်ရာ များအနေဖြင့် တင်ပြပေးစေလို ကြောင်း ပြောကြားသည်။ ထို့နောက် နေပြည်တော် ကောင်စီအတွင်းရေးမှူး ဦးလှိုင်စိုး သန့်နှင့် နေပြည်တော် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန တိုင်းဦးစီး မှူး ဒေါက်တာသီရိနွယ်တို့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း စီမံချက် ဆောင်ရွက်ထားရှိမှု အခြေအနေ ရှင်းလင်းတင်ပြ သည်။ ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ ရဲမှူး ကြီးကိုကိုလွင်နှင့် တက်ရောက် လာကြသူများက လူစုလူဝေး ဖြစ်ပေါ်နိုင်သည်ဟု သတ်မှတ် ထားသည့် နေရာများတွင် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော SOP များနှင့် အညီ လိုက်နာဆောင်ရွက်နိုင်ရေး စစ်ဆေးကြပ်မတ်မည့် အစီအစဉ် များ၊ ကုသရေး၊ ဆေးရုံ၊ Positive Center၊ ကုသရေး စင်တာ၊ ကွာရန်တင်းစင်တာများ ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေ များ၊ နေပြည်တော်အတွင်း လက်ရှိ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွား နေသည့် အခြေအနေများကို တင်ပြရာ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင်က လိုအပ်သည်များ ဖြည့်စွက် ရှင်းလင်း ပြောကြားကြောင်း သိရသည်။ အောင်ကိုကို(ပြန်/ဆက်)