
ဘားအံ စက်တင်ဘာ ၉
မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုဖြစ် သော တော်သလင်းလ လှေသဘင် ပွဲတော်ကို ပြန်လည်ဖော်ဆောင် သောအားဖြင့် ကရင်ပြည်နယ် ဝန်ကြီးချုပ်ဖလား ရိုးရာလှေလှော် ပြိုင်ပွဲကို စက်တင်ဘာ ၈ ရက်က ဘားအံမြို့ အမှတ်(၄)ရပ်ကွက်ရှိ ကန်သာယာရေပြင်၌ ကျင်းပသည်။
ဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီး ချုပ် ဦးစောမြင့်ဦးက ရွက်ပုန်းသီး လှေလှော်အားကစားသမားများ ပေါ်ထွက်လာစေရေး ရည်ရွယ် ကျင်းပခြင်းဖြစ်ပြီး ပြည်နယ် အတွင်း ရိုးရာလှေလှော်ပြိုင်ပွဲများ ကို နေရာဒေသအလိုက် မြိုင်မြိုင် ဆိုင်ဆိုင် ကျင်းပလာသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ယခု ပြိုင်ပွဲမှ ကရင်ပြည်နယ်ကိုယ်စားပြုပေးနိုင်မည့် လှေလှော်အားကစား သမားများကို ရွေးချယ်၍ ကရင် ပြည်နယ် ရိုးရာလှေလှော်အသင်း အနေဖြင့် ဖွဲ့စည်းပေးမည်ဖြစ် ကြောင်းနှင့် ပါဝင်ယှဉ်ပြိုင်ကြ သော ပြိုင်ပွဲဝင်အသင်းများအနေ ဖြင့် သတ်မှတ်စည်းမျဉ်းစည်းကမ်း များနှင့်အညီ မိမိတို့ ကိုယ်စားပြု အသင်းများ အနိုင်ရရှိအောင် အားကြိုးမာန်တက် ကြိုးစား ယှဉ်ပြိုင်ကစားကြရန် တိုက်တွန်း ပြောကြားပြီး ရိုးရာလှေလှော် ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်များက လှေလှော် အားကစားသမားများအား ရင်းရင်း နှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ပြိုင်ပွဲ ကို စတင်ကျင်းပရာ အားကစား သမားများက ဝါးပိုးလှေဖြင့် သရုပ်ပြ လှော်ခတ်ကြပြီးနောက် အမျိုး သား အမျိုးသမီး ငါးတက်လှော် ပြိုင်ပွဲ၊ သုံးတက်လှော်ပြိုင်ပွဲနှင့် တစ်ဦးချင်းပြိုင်ပွဲများကို ဆက်လက် ကျင်းပသည်။
အဆိုပါ လှေလှော်ပြိုင်ပွဲတွင် အမျိုးသားအသင်း ၂၇ သင်း၊ အမျိုး သမီးအသင်း ၁၅ သင်း စုစုပေါင်း လှေလှော်အားကစားသမား ၂၉၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး အမျိုး သား အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ၊ သုံးတက်လှော်ပြိုင်ပွဲနှင့် ငါးတက် လှော်ပြိုင်ပွဲဟု ပြိုင်ပွဲအမျိုးအစားသုံးမျိုးခွဲ၍ ရှုံးထွက်စနစ်ဖြင့် စက်တင်ဘာ ၁၀ ရက်အထိ သုံးရက် ကြာ ယှဉ်ပြိုင်မည်ဖြစ်သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)