လွိုင်ကော်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

 

လွိုင်ကော်  စက်တင်ဘာ ၉


ကယားပြည်နယ်     လွိုင်ကော် မြို့နယ်တွင်    မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့နှင့်             ဌာနဆိုင်ရာများ ပါဝင်သော   နိုင်ငံရေးစစ်ကြောင်း လူမှုရေးစစ်ကြောင်း၊  စည်းရုံးရေး စစ်ကြောင်းနှင့်  ဒေသဖွံ့ဖြိုးရေး စစ်ကြောင်း  ငါး  ကြောင်းဖြင့် နယ်မြေ  တည်ငြိမ်အေးချမ်းရေး နှင့်    ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အတွက်    ရပ်ကွက်/ကျေးရွာ ပြည်သူများအား       တွေ့ဆုံ၍ ကွင်းဆင်း    ဆောင်ရွက်ခြင်းကို ယ​နေ့နံနက်ပိုင်းက    ဒေါတမ ရပ်ကွက်နှင့်  နမ့်ဘော်ဝမ်(ရှမ်း)ရပ်ကွက်တို့၌       ပြုလုပ်သည်။

 


ထိုသို့  ကွင်းဆင်းဆောင်ရွက်ရာ တွင်  လွိုင်ကော်မြို့   ဒေါတမ ရပ်ကွက်ရှိ           တပ်ဦးဘုန်းကြီး ကျောင်း၌   ပြုလုပ်ပြီး   ဦးစွာ ခရိုင်စီမံ         အုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဇော်မိုးထွန်းက  ဒေသနေပြည်သူများ၏ ပညာရေး၊ ကျန်မာရေး၊  လူမှုရေး  စသည့် ဖွံ့ဖြိုးတိုးတက်မှုများ   အတွက် ဌာနဆိုင်ရာများ        စုပေါင်း၍ ပြည်သူ့အကျိုးပြု       လုပ်ငန်း ဆောင်ရွက်ရန်     ကွင်းဆင်းလာ ရောက်ခြင်း          ဖြစ်ကြောင်း၊ ပြည်သူလူထုများကလည်း     မိမိ တို့၏        လိုအပ်ချက်များနှင့် စပ်လျဉ်း၍   ပါဝင်ဆွေးနွေးပေး ကြစေလိုကြောင်းနှင့် သက်ဆိုင်ရာ ဌာနများမှ  လိုအပ်ချက်အလိုက် ပေါင်းစပ် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။ 

 


ဆက်လက်၍   မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့           ဥက္ကဋ္ဌ ဦးမျိုးကျော်က  နိုင်ငံရေး  ဖြစ်စဉ် အဆင့်ဆင့်           ပြောင်းလဲလာမှု အခြေအနေများကိုလည်းကောင်း၊  စစ်ကြောင်းကြီး ငါး ကြောင်းတွင် ပါဝင်သော ဌာနဆိုင်ရာအသီးသီးမှ ပြည်သူလူထုနှင့်    ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက် သွားမည့်     လုပ်ငန်းစဉ်များကို လည်းကောင်း  ရှင်းလင်းဆွေးနွေးသည်။

 

  
ထို့နောက်    တပ်မတော် စစ်ဆေးရုံမှ အရာရှိနှင့်စစ်သည် များက           ပြည်သူများအား  အထွေထွေ           ကျန်းမာရေး စောင့်ရှောက်မှုများ   ဆောင်ရွက် ပေးပြီး   သက်ဆိုင်ရာဌာနများမှ ကိုဗစ်ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံပေးခြင်း ၊  ပန်းခင်းစီမံ ချက်ဖြင့်   အိမ်ထောင်စုစာရင်း၊   နိုင်ငံသား စိစစ်ရေးကတ်ပြား    ဆောင်ရွက်ခြင်း၊   လူမှုဝန်ထမ်း ဦးစီးဌာနမှ အသက် (၈၅)  နှစ် အထက်  သက်ကြီးဘိုးဘွားများ အား   ထောက်ပံ့ပေးအပ်ခြင်း၊    ပရဟိတ      ကျောင်းအတွက်    ထောက်ပံ့ငွေ   ပေးအပ်ခြင်းနှင့် နယ်မြေခံတပ်ရင်း မူကြိုကျောင်း ကို သင်ထောက်ကူပစ္စည်းများပေး အပ်ခြင်းကို  ဆောင်ရွက်ပြီး  ကွင်း ဆင်းဆောင်ရွက်ခြင်းသို့   ပြည်သူ ၂၅၀  ခန့်  တက်ရောက်ကြသည်။  ဆက်လက်၍  မွန်းတည့် ၁၂ နာရီ တွင်  နမ့်ဘော့ဝမ်(ရှမ်း) ရပ်ကွက်ရှိ ပြည်သူများနှင့်တွေ့ဆုံ၍ ကွင်းဆင်း ဆက်လက်  ဆောင်ရွက်ကြောင်း သိရသည်။      

 ခရိုင်(ပြန်/ဆက်)