အားကောင်းသော လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ရောက်ရှိနိုင်

 

နေပြည်တော်    စက်တင်ဘာ   ၉


ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ  ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲ တိုင်းထွာချက် များအရ   ဘင်္ဂလားပင်လယ်အော်   အနောက် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော  လေဖိအား နည်းရပ်ဝန်းသည်    ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့်  ယင်းနှင့် ဆက်စပ် လျက်ရှိသော  အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်း ကမ်းလွန်နှင့်     ဩရိဿတောင်ပိုင်းကမ်းခြေ)     အနီးတို့တွင်  ဆက်လက်တည်ရှိနေသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည်   နောက် ၃၆ နာရီအတွင်း  ဘင်္ဂလားပင်လယ်အော်  အနောက်မြောက် ပိုင်းနှင့်    ယင်းနှင့်  ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း  (အိန္ဒိယနိုင်ငံ ဩရိဿပြည်နယ်  တောင် ပိုင်းကမ်းလွန်နှင့်  အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းခြေ) အနီး တို့တွင် အားကောင်းသော   လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။       

                           
မိုး/ဇလ