
တောင်ကြီး စက်တင်ဘာ ၉
ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့တွင် တိုင်းရင်းသား တို့၏ ရိုးရာယဉ်ကျေးမှု အနုပညာ အမွေအနှစ်များ မပျောက်ပျက် စေရန်၊ မျိုးဆက်သစ်လူငယ်များ ကို လက်ဆင့်ကမ်းပေးနိုင်ရန်၊ အမိနိုင်ငံကို ချစ်မြတ်နိုးသည့် စိတ်ဓာတ်များ ပိုမိုထွန်းကားလာ စေရန် စသည့်ရည်ရွယ်ချက်များ ဖြင့် ကျင်းပခဲ့သည့် တောင်ကြီး ခရိုင်၏(၂၃)ကြိမ်မြောက် ခရိုင် အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် ပြိုင်ပွဲဝင်များအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက တောင်ကြီးမြို့ မြို့တော် ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အင်းတိုင်းရင်းသားရိုရာယဉ်ကျေးမှု အကအဖွဲ့မှ ကပြဖျော်ဖြေပြီး (၂၃)ကြိမ်မြောက် ခရိုင်အဆင့် မြန်မာ့ရိုးရာယဉ်ကျေး မှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အဆိုပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် ပြိုင်ပွဲဝင်များအား ပြိုင်ပွဲကျင်းပ ရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်လှိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး သက်သက်ဦးနှင့် ဦးခင်မောင်ဝင်း တို့ကလည်းကောင်း၊ အကပြိုင်ပွဲ တွင် ဆုရရှိခဲ့ကြသည့် ပြိုင်ပွဲဝင် များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဝင် ဦးထိန်လင်းသိန်းနှင့် အတွင်း ရေးမှူး(ကိုယ်စား) ရဲမှူးနေမျိုး တို့က လည်းကောင်း၊ တိုင်းရင်း သား ရိုးရာယဉ်ကျေးမှုအကအဖွဲ့ များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ တောင်ကြီးတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ အောင်နေမျိုးနှင့် ခရိုင်ပညာရေး မှူး ဒေါ်ယဉ်မင်းစုတို့က လည်း ကောင်း၊ အတီးပြိုင်ပွဲတွင် ဆုရရှိ ခဲ့ကြသည့် ပြိုင်ပွဲဝင်များအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဆွေမြင့်က လည်းကောင်း ဆုများပေးအပ် ချီးမြှင့်သည်။
ထို့နောက် (၂၃)ကြိမ်မြောက် ခရိုင်အဆင့် မြန်မာ့ရိုးယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ တွင် ကူညီဆောင်ရွက်ပေးခဲ့ကြ သည့် အကဲဖြတ်ဒိုင်များနှင့် အတီး ပညာရှင်အား ဂုဏ်ပြုချီးမြှင့်ငွေ များကို တောင်ကြီးတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်က လည်းကောင်း၊ ပြိုင်ပွဲဖြစ်မြောက် ရေးအတွက် ပါဝင်လှူဒါန်းပေး ကြသည့် အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာများကို ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌက လည်းကောင်း ပေးအပ် ချီးမြှင့်ပြီး ဆုရရှိခဲ့ကြသည့် အက ပြိုင်ပွဲနှင့် အဆိုပြိုင်ပွဲဝင်များက ဖျော်ဖြေ တင်ဆက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)