
မုံရွာ စက်တင်ဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်း မြို့ ပတ္တမြားစေတီ တောင်တက် လမ်း ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် အဆိုပါ စေတီတော်မြတ်ကြီး အနီး၌ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ အဖွဲ့ဝင်များ တက်ရောက်ကြ သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က စစ်ကိုင်းမြို့၏ အထင်ကရနေရာများထဲမှ တစ်ခု အပါအဝင်ဖြစ်သည့် ပတ္တမြား စေတီသို့ သွားလာသည့် ကွန်ကရစ်လမ်းသစ် ဖြစ်သည့် အတွက် စစ်ကိုင်းမြို့၏ သမိုင်းဝင်မှတ်တိုင် စိုက်ထူသည့် နေ့ဟု ခေါ်ဆိုလို့ရပါကြောင်း၊ ပတ္တမြားစေတီ တောင်တက်လမ်း သွားလာမှု ချောမွေ့ကောင်းမွန် စေရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စည်ပင်သာယာရေး အဖွဲ့နှင့် အလှူရှင်မိဘပြည်သူ များက ကွန်ကရစ်လမ်းအား စုပေါင်း လှူဒါန်းငွေများဖြင့် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး စည်ပင်သာယာ ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်၊ စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးခင်မောင်ဆင့်၊ လမ်းဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းနိုင်၊ အလှူရှင် ဦးအုပ်စိုး တို့ကကွန်ကရစ်လမ်းအား ဖဲကြိုး ဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါ ပတ္တမြားစေတီ တောင်တက်လမ်းသည် အရှည် ပေ ၅၂၀၀၊ အကျယ် ၁၄ ပေ၊ ခြောက်လက်မထု ကွန်ကရစ်လမ်း ဖြစ်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ မှ ငွေကျပ်သိန်း ၁၀၀၊ စေတနာ ရှင်မိဘပြည်သူများမှ ငွေကျပ် ၈၃၁ သိန်း၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ဘိလပ် မြေအိတ် ၄၀၀၀ စုစုပေါင်း ကုန်ကျငွေကျပ် ၁၁၇၁ သိန်းဖြင့် ဆောင်ရွက်ခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် စစ်ကိုင်းမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပ သော နိုင်ငံတကာ စာတက်မြောက် ရေးနေ့ အခမ်းအနားသို့ တက်ရောက်ရာ အဖွင့်အမှာ စကား ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ပညာရေးမှူး ဦးတိုးဝင်းက နိုင်ငံတကာ စာတက်မြောက်ရေး နေ့သို့ ယူနက်စကို ညွှန်ကြားရေး မှူးချုပ်၏ သဝဏ်လွှာအား ဖတ်ကြားပြီး စစ်ကိုင်းမြို့ပေါ်ရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းသူများက မွန်ရိုးရာအက ဖြင့် ဖျော်ဖြေကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှတ်(၁)အခြေခံ ပညာ အထက်တန်းကျောင်း အတွက် ငွေကျပ် ငါးသိန်းကို ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ် သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နိုင်ငံတကာ စာတက်မြောက်ရေး နေ့ အထိမ်းအမှတ်ပြခန်းအားလိုက်လံကြည့်ရှု အားပေးပြီး ကျောင်းသား ကျောင်းသူများ ပန်းချီ၊ စာစီစာကုံးပြိုင်ပွဲ ယှဉ်ပြိုင် နေမှုကို ကြည့်ရှုအားပေးခဲ့ သည်။
တိုင်းဒေသကြီး(ပြန်/ဆက်)