မန္တလေး စက်တင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမောင်ကိုသည် မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E.Mr. Vinary Kumar ဦးဆောင် သော အဖွဲ့အား ယနေ့မွန်းလွဲပိုင်း က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး နှစ်ထပ်ဆောင် အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ် စွမ်းအင်ကဏ္ဏ၊ ပညာရေးကဏ္ဍ၊ စိုက်ပျိုးရေး နည်းပညာများ၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကိစ္စရပ်များ၊ တိုင်းဒေသ ကြီးအတွင်း ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်နိုင်မည့် လုပ်ငန်းများ နှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ် ကာ မှတ်တမ်းဓာတ်ပုံများ ရိုက် ကူးခဲ့ကြသည်။
အဆိုပါတွေ့ဆုံရာတွင် တိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့်အတူ အစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်ကြ သည့် ဗိုလ်မှူးကြီးကျော်ကျော်မင်း၊ ဦးကျော်ဆန်း၊ ဦးသိန်းဌေး၊ ဦးမျိုး အောင်၊ ဦးယဉ်ထွေး၊ တိုင်းဒေသ ကြီး ဥပဒေချုပ် ဦးမြင့်အောင် တို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်



