နေပြည်တော် စက်တင်ဘာ ၆
MoU စနစ်ဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်သည့် အလုပ် သမားများမှ လစာငွေကို မိသားစု များထံ အလွယ်တကူ လွှဲပြောင်း ပေးပို့နိုင်ရေး မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ခွင့်ပြုထားသော ဘဏ်များနှင့် သက်ဆိုင်ရာနိုင်ငံရှိ ဘဏ်များအကြား Bank to Bank တရားဝင်ငွေလွှဲပြောင်းမှု သဘော တူညီချက်များ၊ နည်းပညာပိုင်း ဆိုင်ရာကိစ္စရပ်များ ချိတ်ဆက် ဆောင်ရွက်ပြီးပါက မြန်မာနိုင်ငံမှ မထွက်ခွာမီ ပြည်တွင်းဘဏ်များ တွင် ငွေစုစာရင်းဖွင့်လှစ်နိုင်ရေးကို အလုပ်အကိုင် လမ်းညွှန်သင်တန်း နှင့် အလုပ်ရှင်၊ အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာ သဘော တူစာချုပ် ချုပ်ဆိုချိန်တွင် ငွေလွှဲပြောင်းပေးပို့ခြင်းဆိုင်ရာ လုပ်ထုံး လုပ်နည်းများ ရှင်းလင်းပြောကြား ခြင်း၊ Bank to Bank တရားဝင် လွှဲပြောင်းမှုဆိုင်ရာ အသိပညာ ပေးခြင်းတို့ကို သက်ဆိုင်ရာ ပြည်တွင်းဘဏ်များ၏ တာဝန် ရှိသူများက လာရောက်ရှင်းလင်း ပြောကြားပေးမှုများကို ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်းက ပြောကြားသည်။
ယနေ့နံနက်ပိုင်းတွင် အလုပ် သမားဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည့် ပြည်ပနိုင်ငံ များတွင် အလုပ်လုပ်ကိုင် နေကြသော မြန်မာရွှေ့ပြောင်း လုပ်သားများ၏ မိသားစုလွှဲပို့ငွေကိစ္စရပ်များနှင့်စပ်လျဉ်း၍ မြန်မာ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF) အမှုဆောင်ကော်မတီဝင်များနှင့် တွေ့ဆုံပွဲတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာပွင့်ဆန်းက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
မှန်မှန်ကန်ကန် လုပ်ဆောင်
ထို့ပြင် ပြည်ထောင်စုဝန်ကြီး က ပြည်ပနိုင်ငံများသို့ အလုပ် သမားစေလွှတ်ရေး လုပ်ငန်းစဉ် များ ပြန်လည်ခွင့်ပြုပေးပြီး ဖြစ်သဖြင့် သက်ဆိုင်ရာနိုင်ငံ အလိုက် လုပ်ငန်းကော်မတီများ အနေဖြင့် ဝန်ကြီးဌာနမှချမှတ် ထားသည့် စည်းမျဉ်း၊ စည်းကမ်း များနှင့်အညီ မှန်မှန်ကန်ကန် လုပ်ဆောင်ကြရန်လိုအပ်ကြောင်း၊ လုပ်ငန်းကော်မတီ အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များကို ညှိနှိုင်းပြီး အောင်မြင် အောင် ဆောင်ရွက်သွားကြ စေလိုကြောင်း။
ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် အလုပ်သမားများ လုံခြုံစိတ်ချစွာ စေလွှတ်နိုင်ရန် လမ်းခရီးတစ်လျှောက် လုံခြုံမှုရှိစေရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်၍ ယခုနှစ် မေ ၁၀ ရက်က စတင်စေလွှတ်ခွင့်ပြုခဲ့ရာ ပြည်ပ အလုပ်အကိုင် အကျိုးဆောင် (ထိုင်း) လိုင်စင်ရအေဂျင်စီများ အနေနှင့် ဌာနမှထုတ်ပြန်ထားသည့် ညွှန်ကြားချက်၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်သွားကြရန်လိုကြောင်း။
ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်
အေဂျင်စီများအနေဖြင့် မိမိတို့ စေလွှတ်သည့် အလုပ်သမားများ သက်ဆိုင်ရာနိုင်ငံရှိ လုပ်ငန်းခွင် များတွင် အလုပ်ရှင်၊ အလုပ်သမား မပြေလည်မှု၊ လုပ်ငန်းခွင် ထိခိုက် ဒဏ်ရာရရှိမှု/ သေဆုံးမှုဖြစ်စဉ် များနှင့်စပ်လျဉ်း၍ ရက်ပေါင်း ၃၀ အတွင်း သွားရောက်ဖြေရှင်း ဆောင်ရွက်ရန်၊ အလုပ်သမား ရေးရာကိစ္စရပ်များ၊ ပြဿနာများ၊ ထူးခြားဖြစ်စဉ်များ တစ်စုံတစ်ရာ ပေါ်ပေါက်ပါက သက်ဆိုင်ရာသို့ သတင်းပို့၍ အချိန်နှင့်တစ်ပြေးညီ အလုပ်သမား သံအရာရှိများနှင့် အတူ ဝိုင်းဝန်းပူးပေါင်းဆောင် ရွက်ပေးရန် လိုအပ်ကြောင်းနှင့် မိမိတို့စေလွှတ်သည့် အလုပ်သမား များ စတင်ထွက်ခွာချိန်မှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသည့် အချိန်အထိ အပြည့်အဝတာဝန်ယူ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
လုပ်သားများ စေလွှတ်ပေး
ဝန်ကြီးဌာနအနေဖြင့် ဂျပန် နိုင်ငံသို့ အလုပ်သမားစေလွှတ် ရေးလုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ နည်းပညာအလုပ်သင် သင်တန်း သားနှင့် ကျွမ်းကျင်လုပ်သား စေလွှတ်ခြင်း နှစ်မျိုးအတွက် မြန်မာ-ဂျပန် နှစ်နိုင်ငံဝန်ကြီးဌာန များအကြား နားလည်မှုစာချွန်လွှာ MoC များ လက်မှတ်ရေးထိုး၍ နည်းပညာအလုပ်သင် သင်တန်း သား အလုပ်သမားများနှင့် ကျွမ်းကျင် လုပ်သားများကို စေလွှတ်ပေးလျက် ရှိကြောင်း ပြောကြားသည်။
ထို့နောက် တက်ရာက်လာသူ များက မိသားစုလွှဲပို့ငွေဆိုင်ရာနှင့် သာမန်နိုင်ငံကူးလက်မှတ်ရရှိရေး အတွက် ကြုံတွေ့နေရသော ကိစ္စ ရပ်များအား ဆွေးနွေးတင်ပြကြပြီး ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။
အခမ်းအနားသို့ ဒုတိယ ဝန်ကြီး ဦးဝင်းရှိန်၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်နှင့် တာဝန်ရှိသူ များ၊ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ ချုပ် (MOEAF) ဥက္ကဋ္ဌ၊ အထွေထွေ အတွင်းရေးမှူးနှင့် သက်ဆိုင်ရာ နိုင်ငံအလိုက် လုပ်ငန်းကော်မတီ အဖွဲ့ ခေါင်းဆောင်များနှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။
သတင်းစဉ်



