နေပြည်တော် စက်တင်ဘာ ၆
ဓာတ်ပုံပညာသည် ပြန်မရနိုင် သည့် အခိုက်အတန့်များကို မှတ်တမ်းတင်ခြင်းဖြစ်ပြီး နိုင်ငံ တစ်နိုင်ငံ၏ သမိုင်းနှင့် လူမှု ယဉ်ကျေးမှုသမိုင်းများကို ဓာတ်ပုံ များက ထင်ဟပ်စေသည်ဖြစ်၍ သမိုင်း မှတ်တမ်းကောင်းများကို ကောင်းမွန်စွာ မှတ်တမ်းတင် ထိန်းသိမ်းနိုင်ရန် လိုအပ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြားခဲ့သည်။
ဓာတ်ပုံရိုက်ကူး တည်းဖြတ် နည်းသင်တန်း (၁/၂၀၂၂) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန သင်တန်းကျောင်း၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး က အဖွင့်အမှာစကားပြောကြားရာ၌ ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက ယခု သင်တန်းသည် ဝန်ကြီးဌာန အတွက်သာမက သင်တန်းသား များအတွက်လည်း ဓာတ်ပုံပညာ ကို အခြေခံရိုက်ကူးနိုင်သည့် အဆင့်မှ Professional အဆင့် အထိ ရိုက်ကူးတည်းဖြတ်နိုင် စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် ဝန်ကြီး ဌာနများ၏ ပြုပြင်ပြောင်းလဲ ဆောင်ရွက်နေသည့် အခန်းကဏ္ဍ တွင် ဓာတ်ပုံရိုက်ကူးတည်းဖြတ်ခြင်းသည်လည်း ထိရောက် အကျိုးရှိသည့်နေရာတွင် ရှိနေကြောင်း။
မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ပြည်သူများအား နုပျိုသစ်လွင် သည့်စိတ်များ ဖြစ်ပေါ်စေရန် ဖျော်ဖြေရေး အစီအစဉ်များကို ဆောင်ရွက်ပေးရသကဲ့သို့ ယနေ့ ဖြစ်ပေါ်နေသည့် ပကတိအခြေ အနေများနှင့်စပ်လျဉ်း၍ ပြည်သူ များ သတင်းမှန်သိရှိနိုင်စေရန် ဖော်ထုတ်ရေးသားရပါကြောင်း၊ ယနေ့ခေတ်တွင် နည်းပညာများ တိုးတက်လာမှုနှင့်အတူ မိမိ ရိုက်ကူးထားသော ဓာတ်ပုံများကို အရည်အသွေး ပိုမိုကောင်းမွန် သည့် ဓာတ်ပုံများဖြစ်လာစေရန် နည်းပညာကို အသုံးပြု၍ ပြုပြင် ဖန်တီးနိုင်သည့် ပညာရပ်များကိုလည်း တတ်မြောက်ထားရန် လိုအပ်ပါကြောင်း။
ယခုသင်တန်းတွင် သင်ကြားပေးသည့် ဓာတ်ပုံပညာနှင့် သတင်းဆိုင်ရာ ဘာသာရပ်များ သာမက ပိုမိုသစ်လွင်ကောင်းမွန် သည့် တီထွင်ဆန်းသစ်မှုများကိုလည်း အမြဲလေ့လာသင်ယူ၍ ဝန်ကြီးဌာနနှင့် ဦးစီးဌာနများ၏ ရည်မှန်းချက်တာဝန်များ ပေါက်မြောက်အောင်မြင်စေရေး ကြိုးစားဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ သင်တန်းသားများ အနေဖြင့်လည်း နည်းပြများ၏ ဘာသာရပ်များပို့ချမှုကို အလေး လိုက်နာသင်ယူပြီး သင်ကြားခဲ့ရသည့် ဘာသာရပ်များကို လက်တွေ့လုပ်ငန်းတွင် အသုံးချနိုင်သည်အထိ ကြိုးစားသင်ယူ၍ လုပ်ဖော်ကိုင်ဖက် ဝန်ထမ်းများ ကိုလည်း ပြန်လည်မျှဝေပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ သင်တန်းဖွင့်ပွဲသို့ ပြန်ကြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ဌာန ဆိုင်ရာအကြီးအကဲများ၊ သင်တန်း နည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။
ယခု ဖွင့်လှစ်သည့် ဓာတ်ပုံ ရိုက်ကူး တည်းဖြတ်နည်း သင်တန်းကို စက်တင်ဘာ ၁၆ ရက်အထိ ဖွင့်လှစ်သင်ကြားသွား မည်ဖြစ်ပြီး နေပြည်တော်ကောင်စီ နယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ အရာထမ်း၊ အမှုထမ်း ၂၀ တက်ရောက်ကြသည်။
အဆိုပါသင်တန်းတွင် ဓာတ်ပုံ ရိုက်ကူးတည်းဖြတ်နည်း ဘာသာ ရပ်များ၊ Indoor, Outdoor လက်တွေ့ရိုက်ကူးခြင်း၊ သတင်း ၏ အခြေခံဖွဲ့စည်းတည်ဆောက်ပုံ၊ သတင်းနှင့် သတင်းဆောင်းပါးများ ရေးသားခြင်း၊ အွန်လိုင်းအသုံးပြု၍ သတင်းများ ထုတ်ပြန်ခြင်း၊ သတင်းအပြန်အလှန် စီးဆင်းရေးဘာသာရပ်များကို သင်ကြားသွားမည်ဖြစ်သည်။
ထို့ပြင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ တာဝန်ရှိသူများကလည်း ဦးစီး ဌာန၏ လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်ရေး၊ စီမံခန့်ခွဲရေး လုပ်ငန်းများ၊ MOI Website, MOI App , Mtube App ရေးဆွဲနေမှုနှင့် IT နည်းပညာများ၊ ဓာတ်ပုံပညာ မျှော်မှန်းချက်နှင့် ဓာတ်ပုံပြိုင်ပွဲ များ ဝင်ရောက်ယှဉ်ပြိုင်နိုင်မှု၊ သတင်းမီဒီယာ ဥပဒေ၊ နည်းဥပဒေနှင့် ကျင့်ဝတ်များ၊ မီဒီယာ နှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု ဘာသာရပ်များကို ညစာကြည့်ချိန်များတွင် လာရောက်ဆွေးနွေးပေးမည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်



