မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုပေးပွဲကျင်းပ

 

မကွေး     စက်တင်ဘာ    ၂


မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ (၂၃) ကြိမ်မြောက်  မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆုပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ဩဂုတ် ၃၁ ရက်က မကွေးမြို့   မြို့တော်ခန်းမ၌   ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်     ဦးတင့်လွင်၊      မကွေး လေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင် သိန်း၊ တရားသူကြီးချုပ် ဦးစိန်ထွန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊   တိုင်းဒေသကြီးအဆင့်   ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ နှင့်အဖွဲ့ဝင်များ၊    ပြိုင်ပွဲတွင်    ပါဝင်ယှဉ်ပြိုင်သည့် ကျောင်းသား  ကျောင်းသူများနှင့် ဝါသနာရှင်များ တက်ရောက်ခဲ့သည်။ 

 


ရှေးဦးစွာ ဆုပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို “မြန်မာ့စိတ်ရင်း မြန်မာ့ရှုခင်း” တေးသီချင်းဖြင့် သီဆို ဖျော်ဖြေဖွင့်လှစ်ခဲ့ပြီး   တိုင်းဒေသကြီး အစိုးရအဖွဲ့ (၂၃) ကြိမ်မြောက်   မြန်မာ့ရိုးရာယဉ်ကျေးမှု  အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဆုများရရှိခဲ့သော ပြိုင်ပွဲဝင်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊   တိုင်း ဒေသကြီး   အမျိုးသမီးအားကစားအဖွဲ့   နာယက ဒေါ်ဝင်းဝင်းမြင့်၊ မကွေးလေတပ်စခန်း ဌာနချုပ်မှူး၊ တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဆုတံဆိပ်များနှင့် ဂုဏ်ပြုလက်မှတ် များကို  ပေးအပ်ချီးမြှင့်ခဲ့သည်။         

စည်သူ(မကွေး)