ကော့သောင်းမြို့ရှိ ဈေးများအတွင်း၌ တိရစ္ဆာန်ထွက်ပစ္စည်း အေးခဲအသားအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

 

ကော့သောင်း   သြဂုတ်   ၃၀


မွေးမြူရေးနှင့်  ကုသရေးဦးစီးဌာနနှင့်  ဌာန ဆိုင်ရာပူးပေါင်းအဖွဲ့ဖြစ်သည့် တရားမဝင် တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းကာကွယ် တားဆီးရေးအဖွဲ့မှ   ဩဂုတ်  ၂၈   ရက်က ကော့သောင်းမြို့   လေဟာပြင်ဈေးအတွင်း တိရစ္ဆာန်နှင့်  တိရစ္ဆာန်ထွက်ပစ္စည်း   အေးခဲ အသားအရောင်းဆိုင်များကို     ကွင်းဆင်း စစ်ဆေးပညာပေးလုပ်ငန်းများ   ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

 


ကော့သောင်းမြို့အနေဖြင့်   ထိုင်းနယ်စပ် ဖြစ်သည့်အားလျော်စွာ   မြို့နေပြည်သူများစားသုံးမှုအတွက် တစ်ဖက်ထိုင်းနိုင်ငံမှ နယ်စပ် ဖြတ်ကျော်ကာ အေးခဲသားများ၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥများ  တိရစ္ဆာန်နှင့်   တိရစ္ဆာန်ထွက်ပစ္စည်း များ နေ့စဉ်တင်သွင်းရောင်းချလျက်ရှိရာ ဒေသခံ ပြည်သူများဘေးဥပဒ်အန္တရာယ် ကင်းရှင်းစွာ စားသုံးနိုင်ရေးနှင့် ပြည်ပမှ သယ်ယူရောင်းချ ခြင်းကို တိရစ္ဆာန်ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေး ဥပဒေနှင့်အညီ တရားမဝင်ရောင်းချမှု မရှိစေ ရေး၊ ကူးစက်ရောဂါ   ပြန့်ပွားမှုမရှိစေရေး အတွက် တင်သွင်းသည့်ကူးတို့ဆိပ်နှင့်  ဈေး အတွင်း အေးခဲအသားများ၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥ များ၊ တိရစ္ဆာန်နှင့်   တိရစ္ဆာန်ထွက်ပစ္စည်း အရောင်းဆိုင်များကို ကွင်းဆင်းစစ်ဆေးခြင်း၊ ရောင်းချသူများအား ဥပဒေဆိုင်ရာသိကောင်း စရာများကို  အသိပေးရှင်းလင်းပညာပေးခြင်း၊ ပညာပေးလက်ကမ်း  စာစောင်များဝေငှခြင်း စသည့်လုပ်ငန်းများ  ဆောင်ရွက်ခြင်း   ဖြစ် သည်။

 


အဆိုပါ ကွင်းဆင်းစစ်ဆေးပညာပေးမှု လုပ်ငန်းများကို  လစဉ်၊  အပတ်စဉ်  မြို့ပေါ် ရပ်ကွက်ဈေးများအတွင်း အလှည့်ကျ ပူးပေါင်း အဖွဲ့ဖြင့် ပုံမှန်ဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ်တရားမဝင်   တိရစ္ဆာန်နှင့်   တိရစ္ဆာန် ထွက်ပစ္စည်း   ကာကွယ်တားဆီးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်အရ သိရ သည်။


ကျော်စိုး 
(ကော့သောင်း)