ဘင်္ဂလားဒေ့ရှ်သို့ ရေထွက်ကုန်တန်ချိန် ၆၁၃၂ ဒသမ ၄၀ တင်ပို့၊ အမေရိကန်ဒေါ်လာ ၇ ဒသမ ၇၈၅ သန်းရရှိထား

 

ရန်ကုန်   ဩဂုတ်  ၃၀


မြန်မာနိုင်ငံတွင်    စိုက်ပျိုးရေး ကဏ္ဍနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက်     အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ  (၂၀၂၂/၂၀၂၃)  ဘဏ္ဍာနှစ် ဧပြီလမှ ဩဂုတ် ၂၆ ရက်အထိ ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့  ရေထွက်ကုန်ပစ္စည်း မက်ထရစ်တန်ချိန် ၆၁၃၂ ဒသမ    ၄၀ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇ ဒသမ ၇၈၅ သန်း ရရှိခဲ့ကြောင်း သိရသည်။

 


ပြီးခဲ့သော   ဘဏ္ဍာနှစ်  (မီနီ ဘတ်ဂျက်)တွင်    ရခိုင်ပြည်နယ် စစ်တွေနှင့်   မောင်တောနယ်စပ် ကုန်သွယ်ရေး      စခန်းနှစ်ခုမှ ရေထွက်ကုန် မက်ထရစ်တန်ချိန် ၁၁၃၆၂ ဒသမ ၉၇ သန်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ   ၂၃  ဒသမ ၃၈၇   သန်း  ရရှိခဲ့သည်။

 

 (၂၀၂၂/ ၂၀၂၃)   ဘဏ္ဍာနှစ်၌   စစ်တွေ နယ်စပ်   ကုန်သွယ်ရေးစခန်းမှ ရေထွက်ပစ္စည်း မက်ထရစ်တန် ၈၂၃   ဒသမ   ၄၀  တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၈ သန်းနှင့်    မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းမှ မက်ထရစ် တန်ချိန်    ၅၃၀၉   တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၆၀၅ သန်းရရှိခဲ့ပြီး   နယ်စပ်ဂိတ်နှစ်ခု တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၇ ဒသမ   ၇၈၅  သန်း  ရရှိထားခြင်း ဖြစ်သည်။

 


ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊   ဧရာဝတီတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှ ထွက်ရှိသော   ရေထွက်ကုန်တို့တွင်  ငါးမြစ်ချင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ သို့ အဓိကပို့ကုန်အဖြစ် တင်ပို့ လျက်ရှိပြီး အခြားရေထွက်ကုန် များဖြစ်သည့်   ငါးနီတူခြောက်၊ ငါးမှုံမဲ၊ ငါးခုံးငိုခြောက်၊ ငါးစလူး ခြောက်   စသည့်ရေထွက်ပစ္စည်း များကိုလည်း တင်ပို့လျက်ရှိသည်။

 


ရန်ကုန်မြို့မှ  ရခိုင်ပြည်နယ် စစ်တွေသို့    ငါးမြစ်ချင်းများကို သင်္ဘောဖြင့် တင်ပို့သည့်နည်းတူ ကုန်းလမ်းကြောင်းမှလည်း တင်ပို့ လျက်ရှိပြီး မိုးရာသီ၌ တစ်လလျှင် ယာဉ်အစီးရေ   ၁၀၀  မှ  ၁၅၀ အကြား    ကုန်စည်စီးဆင်းလျက် ရှိရာ ဧပြီလမှ ဩဂုတ်လကုန်အထိ ပို့ကုန်တန်ချိန်    ၆၀၀၀  ကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

 


ပြီးခဲ့သည့်      ဘဏ္ဍာနှစ် (မီနီဘတ်ဂျက်)တွင် တစ်လလျှင် ရေထွက်ကုန်    ပို့ကုန်တန်ချိန် ၁၅၀၀ မှ ၁၇၀၀ အထိ တင်ပို့နိုင် ခဲ့ပြီး  (၂၀၂၂/၂၀၂၃) ဘဏ္ဍာနှစ်၌ တစ်လလျှင် ရေထွက်ကုန်တန်ချိန် ၁၂၀၀   ခန့်သာ  တင်ပို့နိုင်ခဲ့၍ ပို့ကုန်အနည်းငယ်   လျော့ကျခဲ့ သည်။

 


ဝယ်လိုအားရှိသော    မြန်မာ့ ရေချိုငါးမြစ်ချင်းကို ခရီးဝေးမှ တင်ပို့ခြင်းထက်   ကုန်ကျစရိတ် သက်သာပြီး  ရေထွက်ကုန်အရည် အသွေးကို ထိန်းချုပ်၍ တန်ဖိုးမြှင့် ပို့ကုန်အဖြစ်   တင်ပို့နိုင်ရန်  ရေချို ငါးမြစ်ချင်းကို   ရခိုင်ပြည်နယ်၌ ငါးလုပ်ငန်းဦးစီးဌာန၏ ပံ့ပိုးကူညီ မှုဖြင့်      ယခုနှစ်ဝက်ကာလ၌ လုပ်ငန်းရှင်အချို့   စတင်မွေးမြူ လျက်ရှိရာ    ၂၀၂၃  ခုနှစ်တွင် အိမ်နီးချင်းနိုင်ငံသို့   စတင်တင်ပို့ နိုင်မည်ဖြစ်သည်။

 


“ဒီနှစ်မှာ      ငါးမြစ်ချင်း သားပေါက် စထည့်ထားပြီဆိုတော့ လာမယ့်နှစ်ဆိုရင် ဖော်လို့ရပါပြီ။ အရင်ကတည်းက  ရေချိုငါးမြစ် ချင်း မွေးမြူမယ်ဆိုရင် ဒီဒေသရဲ့ ပြည်ပပို့ကုန်တစ်ခုအဖြစ် မွေးမြူ ရေးတောင်သူတွေ  ဝင်ငွေပိုမိုရရှိ စေခဲ့မှာပါ။ နိုင်ငံ့စီးပွားမြှင့်တင်ရေး ကဏ္ဍမှာ ရခိုင်ပြည်နယ်ရဲ့ ပို့ကုန် တန်ဖိုးမြှင့်တင်နိုင်ဖို့    ပြည်နယ် အစိုးရအနေနဲ့ အစွမ်းကုန်ဆောင် ရွက်ပေးနေတာကြောင့် ပြည်နယ် အတွက်    အကျိုးဖြစ်ထွန်းမှုကို တွေ့မြင်ရမှာပါ” ဟု ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူး ဦးသက်ဦးက ပြောသည်။

 


မြန်မာနိုင်ငံရှိ   နယ်စပ်ကုန် သွယ်ရေးစခန်းများတွင် ဘင်္ဂလား ဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးသည် သွင်းကုန်နည်းပြီး   ပို့ကုန်အသာ စီးရရှိသော    နယ်စပ်ဂိတ်တစ်ခု ဖြစ်ပြီး   ရေချိုထွက်ကုန်ဝယ်လို အားရှိ၍ ပြည်တွင်းရေချိုငါးမွေးတောင်သူများနှင့် လုပ်ငန်းရှင်များ အတွက်    အခွင့်အလမ်းများစွာ ရရှိထားသည်။    တစ်ချိန်တွင် ရေထွက်ကုန်   တိုးမြှင့်တင်ပို့ရာ တံခါးပေါက်ကြီး  တစ်ခုအဖြစ် မွေးမြူရေးကဏ္ဍသာမက စိုက်ပျိုး ရေးထွက်ကုန်များ   တင်ပို့သော နိုင်ငံခြားဝင်ငွေ     ပိုမိုရရှိသည့် နယ်စပ်ဂိတ်တစ်ခုအဖြစ် ရပ်တည် လာနိုင်ဖွယ်ရှိသည်။


ညိမ်းသူ(သတင်းစဉ်)၊ဓာတ်ပုံ-ကနူး