ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ထံ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် ခန့်အပ်လွှာပေးအပ်

 

နေပြည်တော်    ဩဂုတ်   ၃၀


နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုး ရေးအဖွဲ့ (United Nations Food and Agriculture Organization-  FAO) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Dr. Yuka Makino က ယနေ့ နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ  နိုင်ငံခြားရေးဝန်ကြီးဌာန၌  လာရောက်ဂါရဝပြုတွေ့ဆုံပြီး ၎င်း၏ခန့်အပ်လွှာကို ပေးအပ်သည်။

 


အခမ်းအနားသို့   နိုင်ငံခြားရေးဝန်ကြီးဌာနမှ  အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။                                        

 သတင်းစဉ်