ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီက YBS စံပြယာဉ်‌မောင်းဆုနှင့် တာဝန်သိယာဉ်‌မောင်းများအား ဆုချီးမြှင့်

 

ရန်ကုန်    ဩဂုတ်    ၂၇ 


ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)၏ ၂၀၂၁ ခုနှစ် YBS စံပြယာဉ်‌မောင်းဆုနှင့် တာဝန်သိယာဉ်‌မောင်း ဆုချီးမြှင့်ပွဲကို ယမန်‌နေ့ နံနက်ပိုင်းက တာမွေမြို့နယ် လေးထောင့်ကန်လမ်း (YRTC)ရုံး၌ ကျင်းပသည်။
‌ရှေးဦးစွာ    တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ(YRTC) ဒုတိယဥက္ကဋ္ဌ  ဦးချစ်ကိုကိုက YBS   ယာဉ်‌မောင်းများ ဆုချီးမြှင့်ခြင်းနှင့်ပတ်သက်၍    ရှင်းလင်း‌ပြေားကြားပြီး    ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ၂၀၂၁ ခုနှစ် YBS စံပြယာဉ်‌မောင်းဆု နှင့်   တာဝန်သိယာဉ်‌မောင်းများအား    ဂုဏ်ပြုဆုများ   ပေးအပ်ချီးမြှင့် သည်။ (ယာပုံ)
အဆိုပါ ၂၀၂၁ ခုနှစ် YBS စံပြယာဉ်‌မောင်းဆု ၆၀ အတွက် တစ်ဦးလျှင် ငွေကျပ်သုံးသိန်းနှင့် တာဝန်သိယာဉ်‌မောင်း‌  လေးဦးအတွက်  တစ်ဦးလျှင် ငွေကျပ်တစ်သိန်း ချီးမြှင့်သည်။ 

 


“ဝန်ဆောင်မှုကောင်းအောင်   ဆောင်ရွက်ပေးတဲ့    ယာဉ်မောင်းတွေ၊ ယာဉ်အန္တရာယ်၊    လမ်းအန္တရာယ်၊   လမ်းစည်းကမ်း၊   ယာဉ်စည်းကမ်း၊ လမ်းအတိုင်း‌ မောင်းနှင်‌ပေးကြတဲ့ ယာဉ်မောင်းတွေ၊ ယာဉ်မ‌တော်တဆ၊ တိုက်ခိုက်မှုမဖြစ်တဲ့   ယာဉ်‌မောင်းကြီး‌တွေကို အဓိကထားရွေးချယ်တာ ဖြစ်ပါတယ်။   ဒါ့အပြင်   ခရီးသည်‌တွေအ‌ပေါ်   ဝန်‌ဆောင်မှု‌ကောင်း‌ကောင်း ပေးတဲ့ ယာဉ်‌မောင်းကြီးတွေ၊ ပြစ်မှု၊ ပြစ်ဒဏ်တွေမရှိတဲ့ ယာဉ်‌မောင်း‌တွေကို ကုမ္ပဏီနဲ့ပူး‌ပေါင်းပြီး‌ ရွေးချယ်‌ပေးတာ ဖြစ်ပါတယ်။ ဒါ့အပြင် တာဝန်သိ ယာဉ်‌မောင်းကျတော့   ဆိုရှယ်မီဒီယာမှာ   ပါ‌တာရှိတယ်။  ခရီးသည်‌တွေရဲ့ ပစ္စည်း‌တွေကို ပြန်လည်‌ပေးအပ်တဲ့ ယာဉ်‌မောင်း‌တွေကို‌ ပေးအပ်တာဖြစ်ပါ တယ်”ဟု တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က‌ ပြောသည်။

 


“ကျွန်‌တော် မထသ‌ခေတ်ကတည်းက YBS မောင်းလာတာ အနှစ် ၂၀  ရှိပါပြီ။ အခု ဆုရတာ အများဆုံးပါ။  ဒီဆုရတာလည်း   ခရီးသွားပြည်သူ‌ တွေရဲ့ပံ့ပိုးမှု‌ကြောင့်   အတိုင်းမသိဝမ်းသာပါတယ်” ဟု YBS ၈၁ ယာဉ်လိုင်း‌‌မှ ယာဉ်မောင်း ဦးထိန်လင်းက ပြောသည်။

 


ရန်ကုန်တိုင်း‌ဒေသကြီးအတွင်း တစ်ရက်လျှင် ယာဉ်လိုင်း‌ပေါင်း ၁၁၆ လိုင်း၊ ယာဉ်စီး‌ရေ ၃၂၀၀‌ ကျော် ပြေးဆွဲလျက်ရှိပြီး ခရီးသည် ၁၂ သိန်းကျော် စီးနင်းလျက်ရှိ‌ကြောင်း သိရသည်။


အာကာလင်း