မိုင်းခွဲဖျက်ဆီးခံရသော တာဝါတိုင်များ ပြန်လည်ပြင်ဆင် ပြည်သူများအား ယာယီဓာတ်အားဖြန့်ဖြူးပေး

 

ဘားအံ   ဩဂုတ်   ၂၇


ကရင်ပြည်နယ်     ကော့ကရိတ် မြို့နယ်အတွင်းရှိ      မြဝတီပင်မ ဓာတ်အားခွဲရုံသို့       ဓာတ်အား ပို့လွှတ်ထားသော    တာဝါတိုင် အမှတ် (၁၇၂)  နှင့်  (၁၇၃) တို့ကို ဩဂုတ်   ၂၀   ရက်  ည  ၁၀ နာရီ   ၄၅ မိနစ်ခန့်က မိုင်းခွဲဖျက်ဆီးခံရ ပြီး   မြဝတီမြို့နှင့်    ကော့ကရိတ် မြို့နယ်အတွင်းရှိ        ပြည်သူများ  လျှပ်စစ်ဓာတ်အားပြတ်တောက်၍  အခက်အခဲများ  ဖြစ်ပေါ်ခဲ့ရသည်။

 


ထိုသို့    ဖြစ်ပေါ်မှုကို     ကရင် ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ် မှုဖြင့်     ကော့ကရိတ်မြို့နယ်   လျှပ်စစ်    အင်ဂျင်နီယာရုံးတွင်  ဒီဇယ်ဆီဖြင့်  မောင်းနှင်းရသော   ၂၅၀    ကေဗွီမီးစက် တစ်လုံးနှင့်   ၁၀၀ ကေဗွီမီးစက်တစ်လုံးတို့ဖြင့်    မြို့ပေါ်ရပ်ကွက်နေ     ပြည်သူများ အား     နေ့စဉ်    နံနက်   ၈   နာရီမှ  ညနေ ၆ နာရီအထိ  ရပ်ကွက်တစ်ခု လျှင်  တစ်နာရီခွဲနှုန်းဖြင့်  ဩဂုတ် ၂၇   ရက်မှစတင်၍   ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိသည်။

 


အလားတူ   မြဝတီမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှလည်း  မြဝတီမြို့ပေါ်ရပ်ကွက်နေ ပြည်သူ များ     လျှပ်စစ်အသုံးအဆောင် ပစ္စည်းများ   အားသွင်းနိုင်စေရန် နေရာငါးနေရာခွဲ၍     ထိုင်းနိုင်ငံမှ လျှပ်စစ်မီးအား ယာယီရယူကာ ဩဂုတ်    ၂၅   ရက်မှ    စတင်၍  လျှပ်စစ်ဓာတ်အား  ဖြန့်ဖြူးပေးလျက်ရှိကြောင်းနှင့်       မိုင်းခွဲ ဖျက်ဆီးခံရပြီး   ပျက်စီးသွားသော တာဝါတိုင်များအား  ဩဂုတ်   ၂၂ ရက်မှစတင်၍ အမြန်ဆုံးပြန်လည် ပြင်ဆင်နိုင်ရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း    သတင်းရရှိ သည်။   


ပြည်နယ်(ပြန်/ဆက်)