
ညောင်လေးပင် သြဂုတ် ၂၇
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် လူမှုဖူလုံ ရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော မြန်မာ့ သစ်လုပ်ငန်း၊ သစ်ထုတ်လုပ်ရေး (ပဲခူးဒေသ) ရုံးမှအာမခံအလုပ်သမား ဦးသိန်းဝင်း၏လုပ်ငန်းခွင် အတွင်း ထိခိုက်ဒဏ်ရာရသေဆုံးမှုအတွက် ကျန်ရစ် သူမိသားစုအား အကျိုးခံစားခွင့် ငွေလုံးငွေရင်း ထုတ်ပေးခြင်းကို သြဂုတ်၂၇ ရက်က ညောင်လေးပင် မြို့ရှိ သစ်ထုတ်လုပ်ရေး (ပဲခူးဒေသ) ရုံး၌ ပြုလုပ် သည်၊၊
ရှေးဦးစွာ ညောင်လေးပင်မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဘုန်းမောင်က အမှာစကား ပြောကြားပြီး ပဲခူးတိုင်းဒေသကြီး လူမှုဖူလုံရေးအဖွဲ့ တာဝန်ခံအရာရှိ ဦးဝင်းစိုးက ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေပါ လူမှုခံစားခွင့်များအကြောင်းကို ရှင်းလင်း ပြောကြားပြီး လုပ်ငန်းခွင်တွင် ထိခိုက်သေဆုံး သူ၏ အကျိုးခံစားခွင့်များကို မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဘုန်းမောင်၊ တိုင်းဒေသကြီး တာဝန်ခံအရာရှိ ဦးဝင်းစိုး သစ်ထုတ်လုပ်ရေး ကျန်ရစ်သူမိသားစုအား အကျိုးခံစားခွင့် ငွေကျပ် ၁၁၈ သိန်းနှင့် ရှစ်သောင်းကို ထုတ်ပေးသည်၊၊
နေလင်း(ညောင်လေးပင်)