
ရန်ကုန် ဩဂုတ် ၂၇
ပြန်ကြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးမောင်မောင် အုန်းသည် ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားတွင် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ ဂုဏ်ပြုအစီ အစဉ် “တူယှဉ်နွှဲပျော် ဂီတပွဲတော်” (Season-2) ကျင်းပရန် ပြင်ဆင် ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီးသည် ဧည့်ကြိုဆောင် (Lobby)၌ မြန်မာနိုင်ငံ ဂီတ အစည်းအရုံး(ဗဟို)မှ ဥက္ကဋ္ဌ ဦးလွင်မြင့်နှင့် တာဝန်ရှိသူများ၊ “တူယှဉ်နွှဲပျော် ဂီတပွဲတော်” (Season-2) တွင် ပါဝင်ဆောင် ရွက်ကြမည့် ဒိုင်အဖွဲ့များ၊ အစီ အစဉ်တင်ဆက်သူများ၊ ဖိတ်ကြား ထားသူများ၊ ပွဲစဉ်(၁/၂)တို့ တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ မှ ပြိုင်ပွဲဝင်များ၊ MRTV ခေတ်ပေါ် တေးဂီတအဖွဲ့အပါအဝင် ရိုက်ကူး ထုတ်လုပ်ရေးနှင့် အထောက် အကူပြု အဖွဲ့ဝင်များအား ရင်းရင်း နှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။
ကြည့်ရှုစစ်ဆေး
ဆက်လက်၍ စတူဒီယို- A တွင် ပြိုင်ပွဲဝင်သုံးဦး၏ တေးသီချင်း သရုပ်ပြသီဆိုမှုကို ကြည့်ရှု အားပေးပြီး အသံစနစ်၊ မီးစနစ်၊ Stage ပြင်ဆင်မှုများနှင့် အထောက် အကူပြုလုပ်ငန်းများကို ကြည့်ရှု စစ်ဆေးသည်။
ပြည်သူများ နှစ်ခြိုက်အားပေး
ထို့နောက် ပြည်ထောင်စု ဝန်ကြီးက “တူယှဉ်နွှဲပျော် ဂီတ ပွဲတော်” (Season-2)ကို အဆင် ပြေချောမွေ့စွာ အောင်မြင်အောင် ကျင်းပနိုင်ရန်အတွက် ပြောကြား ရာတွင် ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် ပြည်သူအတွက် အကောင်းဆုံးဝန်ဆောင်မှုပေးရန် ကြိုးပမ်း ဆောင်ရွက်နေသကဲ့သို့ အနုပညာရှင်များအနေဖြင့်လည်း ပြည်သူများ စိတ်ချမ်းသာစေရေး တတ်စွမ်းသည့် အနုပညာဖြင့် တစ်ဖက်တစ်လမ်းမှ ဆောင်ရွက် ပေးရန် အချိန်ရောက်ရှိပြီဖြစ်ပါ ကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန အနေနှင့် နေပြည်တောင်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များနှင့် ပူးပေါင်းပြီး “တူယှဉ်နွှဲပျော် ဂီတပွဲတော်” အစီအစဉ် (၁) ကို ကျင်းပခဲ့ရာ ပြည်သူများ နှစ်ခြိုက်အားပေးမှုကို ရရှိခဲ့ပါကြောင်း၊ ယခုအခါ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေး နေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “တူယှဉ်နွှဲပျော် ဂီတပွဲတော်” အစီ အစဉ်(၂)ကို ဆက်လက်ကျင်းပ ခြင်းဖြစ်ကြောင်း၊ ယခုကျင်းပမည့် ပွဲတော်အောင်မြင်စွာ ကျင်းပနိုင် ရေးအတွက် တာဝန်ရှိသူအားလုံး က ဘက်စုံထောင့်စုံမှ လက်တွဲ ပူးပေါင်း ဆောင်ရွက်ကြစေလိုပါ ကြောင်း ပြောကြားသည်။
သီဆိုယှဉ်ပြိုင်
(၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသော အားဖြင့် “တူယှဉ်နွှဲပျော် ဂီတ ပွဲတော်” (Season-2) သီချင်းဆို ပြိုင်ပွဲနှင့် ဖျော်ဖြေပွဲကို စက်တင် ဘာ ၂ ရက်မှ အောက်တိုဘာ ၃၀ ရက်အထိ ကျင်းပမည်ဖြစ်ရာ ယင်းပြိုင်ပွဲသို့ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ သုံးဦးစီဖြင့် စုစုပေါင်း ၄၅ ဦး ရွေးချယ်စေလွှတ်ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး ပထမအဆင့်တွင် ကိုးဦး စီဖြင့် အုပ်စု ငါးအုပ်စုခွဲ၍ ပွဲစဉ် ၁၀ ပွဲအား ပြဋ္ဌာန်းတေးနှင့် စိတ်ကြိုက်တေးသီချင်းများဖြင့်လည်းကောင်း၊ ဒုတိယအဆင့်တွင် ပွဲစဉ် ခုနစ်ပွဲအား ပြဋ္ဌာန်းတေးနှင့် စိတ်ကြိုက် တေးသီချင်းများဖြင့် လည်းကောင်း ၊ တတိယအဆင့် Final ပွဲစဉ်တွင် (ပထမ၊ ဒုတိယ၊ တတိယ) ဆုများ ရွေးချယ်နိုင်ရန် ပြဋ္ဌာန်းတေးနှင့် စိတ်ကြိုက် တေးသီချင်းများဖြင့် လည်း ကောင်း သီဆိုယှဉ်ပြိုင်ကြမည် ဖြစ်သည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ဖွင့်လှစ် လျက်ရှိသည့် Graphic Design သင်တန်းကို ကြည့်ရှုစစ်ဆေးပြီး ထောက်ပံ့ငွေပေးအပ်ခြင်း၊ MRTV (ရန်ကုန်)ရှိ MRTV- HD၊ MRTV News နှင့် MITV Channel များမှ သတင်းတင်ဆက်သူများနှင့် အစီ အစဉ် တင်ဆက်သူများအား တွေ့ဆုံမှာကြားပြီး ထောက်ပံ့ငွေ ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ သည်။
သတင်းစဉ်