အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေး

 

နေပြည်တော်    ဩဂုတ်   ၂၇


အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်     ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့်  နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ တို့   တွေ့ဆုံဆွေးနွေးပွဲကို    ယနေ့နံနက်ပိုင်းတွင်  နေပြည်တော်ရှိ  အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်     ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန  အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


တွေ့ဆုံဆွေးနွေးပွဲသို့    နိုင်ငံ တော်   စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်   ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး      အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်   ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ      ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့်  ညှိနှိုင်းရေးကော်မတီ ဝင်များ၊ နိုင်ငံရေးပါတီများ   အစု အဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ် ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း နှင့် အလုပ်အဖွဲ့ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 


ဆွေးနွေးပွဲတွင်   အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှု     ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ် ကြီး   ရာပြည့်နှင့်   နိုင်ငံရေးပါတီ များ    အစုအဖွဲ့၏    အလုပ်အဖွဲ့ ခေါင်းဆောင် ရှမ်းတိုင်းရင်းသား များ    ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းတို့က နှုတ်ခွန်း ဆက် အမှာစကား ပြောကြားကြသည်။ 

 


ထို့နောက်  ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်) မှ ပြင်ဆင်လို သည့်    အချက်များနှင့်စပ်လျဉ်း ၍   နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့မှ   အဆိုပြုချက်များ အပေါ်   ညှိနှိုင်းရေးကော်မတီမှ လေ့လာဆန်းစစ်တွေ့ရှိချက်များ အား  တစ်ချက်ချင်းစီ    ရှင်းလင်း ဆွေးနွေးပြီး   တက်ရောက်လာ သူများက    အဆိုပြုချက်များနှင့် စပ်လျဉ်း၍ ၎င်းတို့၏သဘောထား အမြင်ကို အပြန်အလှန် ဆွေးနွေး ညှိနှိုင်းကြသည်။

 


ယင်းနောက်     ညှိနှိုင်းရေး ကော်မတီက      ဂျာမနီနိုင်ငံ၏ ဖက်ဒရယ်စနစ်    ကျင့်သုံးနေမှု အပေါ်       လေ့လာတွေ့ရှိချက် များကို     ရှင်းလင်းဆွေးနွေးပြီး    ဖွဲ့စည်းပုံအခြေခံဥပဒေ   (၂၀၀၈ ခုနှစ်) ပါ ဇယား-၁၊ ဇယား-၂ တို့မှ ဥပဒေပြဋ္ဌာန်းရန် ကျန်ရှိနေသည့် ဥပဒေပြုခွင့်ရ    စာရင်းများနှင့် ပတ်သက်၍      ရှင်းလင်းတင်ပြသည်။ 

 


ထို့နောက် ဆွေးနွေးချက်များ အရ   နှစ်ဖက်သဘောထားများ ကို သဘောထားစုစည်းချက်များ အဖြစ် မှတ်တမ်းတင်ကြပြီး နိုင်ငံ ရေးပါတီများအစုအဖွဲ့၏    အလုပ် အဖွဲ့ခေါင်းဆောင်  ရှမ်းတိုင်းရင်း သားများ     ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ      ဦးစိုင်းအိုက်ပေါင်းနှင့် အမျိုးသားစည်းလုံးညီညွတ်ရေး နှင့်      ငြိမ်းချမ်းရေးဖော်ဆောင် မှု     ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး    ရာပြည့် တို့က      နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြကြောင်း    သိရသည်။            
         

သတင်းစဉ်