နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း International Army Games-2022 ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားတက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာ

 

နေပြည်တော်   ဩဂုတ်  ၂၆


ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင်        ကျင်းပပြုလုပ်သည့် International  Army Games-2022     ပြိုင်ပွဲ   ပိတ်ပွဲ အခမ်းအနားသို့    တက်ရောက်ရန်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်     ကာကွယ်ရေးဦးစီးချုပ်   (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး  စိုးဝင်း   ဦးဆောင် သော   မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည်   ဩဂုတ် ၂၅    ရက်    နံနက်ပိုင်းတွင်    နေပြည်တော်မှ     ထွက်ခွာကြရာ  နိုင်ငံတော်စီမံအုပ်ရေး  ကောင်စီဝင်များ ဖြစ်ကြသည့်   ဗိုလ်ချုပ်ကြီး  မြထွန်းဦး၊       ဒုတိယဗိုလ်ချုပ်ကြီး  စိုးထွဋ်၊  ကောင်စီ အတွင်းရေးမှူး             ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ကောင်စီတွဲဖက်အတွင်း ရေးမှူး  ဒုတိယဗိုလ်ချုပ်ကြီး  ရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး  (ကြည်း၊ ရေ၊ လေ)မှ     တပ်မတော်အရာရှိကြီးများ၊    နေပြည်တော်တိုင်းစစ်ဌာနချုပ်  တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊  မြန်မာနိုင်ငံဆိုင်ရာ ရုရှားစစ်သံမှူး Colonel Sergei Kurch-enko နှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။

 


အဆိုပါ မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ဒေသစံတော်ချိန် ညပိုင်း တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကို မြို့     ရှီရီမီကျဲဗာအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့     ရောက်ရှိကြရာ    ရုရှား ကာကွယ်ရေးဝန်ကြီးဌာန      ဒုတိယ ကာကွယ်ရေးဝန်ကြီး Colonel General A.V.Fomin၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးလွင်ဦးနှင့်ဇနီး၊  မြန်မာ စစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် မိုးကျော်နှင့်ဇနီး၊ FSMTC မှ Alexander V.Ostrvovskiy  နှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။    


သတင်းစဉ်