
နေပြည်တော် ဩဂုတ် ၂၆
လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီး လေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး လုပ်ငန်း ကော်မတီ ညှိနှိုင်းအစည်းအဝေး (၂/၂၀၂၂) ကို ယနေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန ပြန်လည်ထူထောင်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် လက်နက် ကိုင်ပဋိပက္ခအတွင်း ကလေး သူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ် တားဆီးရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က လက်နက် ကိုင်ပဋိပက္ခအတွင်း ကလေး သူငယ်များအပေါ် သေကျေထိခိုက် ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ကျူးလွန်မှုများမှ ကာကွယ်တားဆီးနိုင်ရေး အမျိုး သားအဆင့် လုပ်ငန်းစီမံချက် (၂၀၂၂-၂၀၂၃) ကို စတင်အကောင် အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ ကာကွယ် တားဆီးရေးကော်မတီ၏ ရုံးအဖွဲ့ ကို ပြန်လည်ထူထောင်ရေးဦးစီး ဌာနက တာဝန်ယူဆောင်ရွက်သွား မည်ဖြစ်ပြီး၊ လက်ရှိတွင် ပြန်လည်ထူထောင်ရေး ဦးစီး ဌာနက ရုံးအဖွဲ့ ဖွဲ့စည်းပုံ (မူကြမ်း) နှင့် လုပ်ငန်းတာဝန်မူကြမ်း တို့ကို ရေးဆွဲပြုစုထားပြီး ဖြစ်ကြောင်း။
လုပ်ငန်းစီမံချက်ပါ စောင့် ကြည့်စစ်ဆေးခြင်းနှင့် အကဲဖြတ် ခြင်းအပိုင်းသည် လုပ်ငန်းစီမံချက် ကို အကောင်အထည်ဖော် ဆောင်ရွက်သည့်အခါ အောင်မြင် မှုအတိုင်းအတာကို သိရှိနိုင်မည် ဖြစ်သကဲ့သို့ ရှေ့ဆက်ချမှတ် ဆောင်ရွက်ရမည့် လုပ်ငန်းစီမံ ချက်တို့အတွက်လည်း အားသာ ချက်၊ အားနည်းချက်နှင့်ကြုံတွေ့ရ သည့် အခက်အခဲတို့ကို ဆန်းစစ် နိုင်ပြီး ပိုမိုကောင်းမွန်ပြည့်စုံသည့် အစီအစဉ်တို့ကို ဖော်ထုတ် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။
အစည်းအဝေးသို့ ကာကွယ် ရေးဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီး ဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့မှ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်