
နေပြည်တော် ဩဂုတ် ၂၅
မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (ဗဟို)မှ လစဉ် ပုံမှန် အစည်းအဝေးနှင့် ဆောင်ရွက်ချက်များ ရှင်းလင်းခြင်းကို ဩဂုတ် ၂၃ ရက် မွန်းတည့် ၁၂ နာရီက ကမာရွတ်မြို့နယ် ကျွန်းတောလမ်းရှိ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (ဗဟို) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးစိုးဝင်း (ရဲချုပ်-ငြိမ်း)က အမှာစကားပြောကြားပြီး အတွင်းရေးမှူး ဦးမြင့်ခိုင်က အမှတ်စဉ်(၃/၂၀၂၂) အစည်းအဝေး မှတ်တမ်းနှင့် ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကာ ဗဟိုစာရင်းစစ် ဦးတင်ထွဋ်က လစဉ်ဝင်ငွေ/ ထွက်ငွေစာရင်းတင်ပြ၍ ဗဟိုဥက္ကဋ္ဌ ဦးသိန်းကြည် ရဲမှူးကြီး (ငြိမ်း)က တံလျှပ်ဂျာနယ်ကိစ္စ ရှင်းလင်းဆွေးနွေး ကာ တက်ရောက်လာကြသော အလုပ်အမှုဆောင်ကော်မတီဝင်များက အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မင်းမင်းလတ်(ရူပဗေဒ)