ကျောက်ဆည်မြို့နယ်၌ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့်လှစ်

 

ကျောက်ဆည်   ဩဂုတ်   ၂၄


မန္တလေးတိုင်းဒေသကြီး ကျောက် ဆည်မြို့နယ်၌     ရပ်ရွာအခြေပြု လူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့်ပွဲကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံး၌  ယနေ့နံနက်ပိုင်းက  ကျင်းပသည်။  

 


သင်တန်းဖွင့်ပွဲတွင်     ခရိုင် လူကုန်ကူးမှု  တားဆီးကာကွယ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မျိုးသိန်း က သင်တန်းဖွင့်အမှာစကားပြောကြားပြီး       ကျောက်ဆည်ခရိုင် လူကုန်ကူးမှု   တားဆီးကာကွယ် ရေးအဖွဲ့  ဒုတိယဥက္ကဋ္ဌ   ဒုတိယ ရဲမှူးကြီး       အောင်မင်းစိန်က လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ အမှတ် (၁၁) လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေး ရဲတပ်ဖွဲ့စု   (မန္တလေး)  တပ်ဖွဲ့ စုမှူး ယာယီရဲမှူး ခင်မောင်သိန်း က          ရပ်ရွာအခြေပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေး       လုပ်ငန်းစဉ် များ ရှင်းလင်းပြောကြားသည်။ 

 


အဆိုပါသင်တန်းကို ဩဂုတ် ၂၄ မှ ၂၆ ရက်အထိ နေ့စဉ် နံနက် ၉  နာရီမှ  ညနေ  ၄   နာရီအထိ ဖွင့်လှစ်မည်ဖြစ်ပြီး  သင်တန်းတွင် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေ၊ နိုင်ငံတကာနှင့် မြန်မာနိုင်ငံ တွင် ဖြစ်ပေါ်နေသော လူကုန်ကူးမှု အခြေအနေများ၊     လူကုန်ကူးမှု စိစစ်ဖော်ထုတ်သည့် မှတ်တမ်းပုံစံ ဖြည့်သွင်းမှုများ     စသည်တို့ကို သင်ကြား     ပို့ချပေးမည်ဖြစ်​ကာ သင်တန်းသို့      သင်တန်းသား သင်တန်းသူ ၁၄၇ ဦး တက်ရောက် ကြောင်း သိရသည်။


     

တင်ဇာလွင် (ပြန်/ဆက်)