တပ်မတော် တပ်ရင်း/တပ်ဖွဲ့အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၊ ဂုဏ်ပြုစားပွဲ အတူတကွသုံးဆောင်

 

နေပြည်တော်   ဩဂုတ်   ၂၄


ရဲဘော်စိတ်ဟူသည်      ရဲဘော် အချင်းချင်းအပေါ်    ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှု       တရားပင် ဖြစ်သည်နှင့်အညီ   တပ်မတော် တွင်    တာဝန်ထမ်းဆောင်လျက် ရှိသည့် အရာရှိ၊ စစ်သည် အဆင့် အတန်းအားလုံး ရဲဘော်စိတ် အပြည့်ထားရှိပြီး အထက်အောက် ညီညွတ်မျှတသည့်    အုပ်ချုပ်မှု စနစ်ရှိရန်        လိုအပ်ကြောင်း တပ်မတော် အကြီးအကဲက လမ်းညွှန်     မှာကြားထားသည် ဖြစ်ရာ အုပ်ချုပ်မှုညီညွတ်မျှတ စေရန်အတွက်   ကွပ်ကဲအုပ်ချုပ် ရာ၌   တပ်မှူးကောင်းစိတ်ဓာတ် (Commander   Spirit)၊  ဖခင် သဖွယ်စိတ်ဓာတ်     (Fatherly Spirit)  တို့ဖြင့်   ကွပ်ကဲအုပ်ချုပ် ဆောင်ရွက်လျက်ရှိသည်။ 

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့်  တြိဂံဒေသတိုင်း စစ်ဌာနချုပ်   (အပေါ်ပုံ)     တို့မှ တိုင်းမှူးများနှင့်  တာဝန်ရှိသူများ က သက်ဆိုင်ရာ ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/ တပ်ဖွဲ့များနှင့် နယ်မြေခံ  သင်တန်းကျောင်းများသို့    သွား ရောက်၍ အရာရှိ၊ စစ်သည်၊ မိသားစု များကို       ရင်းရင်းနှီးနှီး     တွေ့ဆုံ နှုတ်ဆက်ပြီး ဂုဏ်ပြုစားပွဲများ ပြုလုပ်ပေး၍ တက်ရောက်အားပေး ကာ အရာရှိ၊ စစ်သည်၊ မိသားစုများ နှင့်  အတူတကွ  လက်ရည်တစ်ပြင် တည်း သုံးဆောင်ခဲ့ကြသည်။

 


အလားတူ    တိုင်းစစ်ဌာနချုပ် များအလိုက်   တပ်နယ်အသီးသီး မှ  တပ်မတော်အရာရှိကြီးများ ကလည်း ၎င်းတို့၏ ကွပ်ကဲမှုများ အလိုက် တပ်ရင်း/တပ်ဖွဲ့များနှင့် နယ်မြေခံသင်တန်းကျောင်းများမှ အရာရှိ၊ စစ်သည်၊ မိသားစုများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ဂုဏ်ပြုစားပွဲများ အသီးသီးပြုလုပ် ၍      တက်ရောက်အားပေးကာ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် အတူတကွ  သုံးဆောင်ခဲ့ကြောင်း သတင်းရရှိသည်။      

သတင်းစဉ်