ထုတ်ဝေခြင်းလုပ်ငန်း အသိအမှတ်ပြုလက်မှတ် ရုပ်သိမ်းကြောင်း အသိပေးကြေညာချက်

 

ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားလာသူများကို စိစစ်ခွင့်ပြုပေးလျက်ရှိပါသည်။ ထုတ်ဝေ ခြင်းလုပ်ငန်း   အသိအမှတ်ပြုလက်မှတ်ရယူထားသူ   ဒေါ်ရတနာဝတ်ရည်ထွန်း  (ကံကောင်းခြင်း အိမ်ငယ်လေးစာပေ)သည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၈ ၊ ပုဒ်မခွဲ (ဂ)ပါ စည်းကမ်း ချက်ကို လိုက်နာခြင်းမရှိဘဲ ညစ်ညမ်းစာများကို ထုတ်ဝေဆောင်ရွက်ခဲ့သည့်အတွက်  ၎င်းအားထုတ်ပေး ထားသည့် ထုတ်ဝေခြင်းလုပ်ငန်းအသိအမှတ်ပြုလက်မှတ်ကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ  ၂၂ ရက်မှစတင်၍ ရုပ်သိမ်းလိုက်ကြောင်းနှင့်  ၎င်းစာပေအနေဖြင့်   မီဒီယာအမျိုးအစားတစ်ခုခုကို   အသုံးပြု၍ဖြစ်စေ၊ နည်းပညာတစ်ရပ်ရပ်ကိုအသုံးပြု၍ဖြစ်စေ ရေးသားထုတ်ဝေဆောင်ရွက်ခြင်းမပြုရန် အသိပေးကြေညာ အပ်ပါသည်။


ပြန်ကြားရေးဝန်ကြီးဌာန