
နေပြည်တော် ဩဂုတ် ၂၀
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်း မရှိခဲ့ သည့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်၊ မြင်းခြံ မြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်တို့မှ PDF အဖွဲ့ဝင်များအား ၎င်း၏ မိဘအုပ်ထိန်းသူများထံသို့ ထပ်မံ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံသင်တန်း ကျောင်းခန်းမ၌ ပြုလုပ်ရာ တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ် သူရိန်ထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တာဝန်ရှိသူများက နယ်မြေဒေသ တည်ငြိမ်အေးချမ်း ရေးနှင့် တရားဥပဒေ ဆိုင်ရာပုဒ်မ များကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ဝင်ရောက် ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့ သော အောင်မြေသာစံမြို့နယ်၊ မြင်းခြံမြို့နယ်နှင့် တမူးမြို့နယ် တို့မှ PDF အဖွဲ့ဝင် အမျိုးသား ခြောက်ဦးတို့ကို ဝန်ခံကတိ လက်မှတ်ရေးထိုးစေကာ ၎င်းတို့ ၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပြီး ထောက်ပံ့ ပစ္စည်းများ ပေးအပ်သည်။
အလားတူ မန္တလေးတိုင်း ဒေသကြီး စဉ့်ကူးမြို့နယ်မှ PDF အဖွဲ့ဝင်များကို ၎င်း၏ မိဘ အုပ်ထိန်းသူများထံသို့ ထပ်မံ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ တွင် စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ် ရေးရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ် ဌာနချုပ် သပိတ်ကျင်းတပ်နယ်မှ ဗိုလ်မှူးချုပ် အောင်အောင်နှင့် တာဝန်ရှိသူများ၊ ဥပဒေဘောင် အတွင်း ဝင်ရောက်လာသူများ နှင့် ၎င်းတို့ ၏ မိဘအုပ်ထိန်း သူများ တက်ရောက်ကြသည်။
ဦးစွာ တာဝန်ရှိသူများက နယ်မြေဒေသ တည်ငြိမ်အေးချမ်း ရေးနှင့် တရားဥပဒေဆိုင်ရာ ပုဒ်မ များကို ရှင်းလင်းဆွေးနွေး ပြောကြားပြီး စဉ့်ကူးမြို့နယ်မှ PDF အဖွဲ့ဝင် အမျိုးသား နှစ်ဦး တို့ကို ဝန်ခံကတိ လက်မှတ် ရေးထိုးစေကာ ၎င်းတို့၏ မိဘ အုပ်ထိန်းသူများထံသို့ လွှဲပြောင်း အပ်နှံပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။ ထို့နောက် ဥပဒေ ဘောင်အတွင်းဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်း မရှိခဲ့သော PDF အဖွဲ့ဝင်တစ်ဦး၏ ဖခင်ဖြစ်သူ က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
PDF အပါအဝင် အဖွဲ့အစည်း အမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော် ၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့် အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝ သို့ ပြန်လည်ဝင်ရောက်ခြင်း ပြုမည်ဆိုပါက ကြိုဆိုလက်ခံသွား မည်ဖြစ်ကြောင်း နိုင်ငံတော်အစိုးရ က ထုတ်ပြန်ထားပြီးဖြစ်ရာ ပြစ်မှုကျူးလွန်ခဲ့ခြင်း မရှိသော PDF အဖွဲ့ဝင်များက တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီး၌ ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လျက် ရှိကြသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ၎င်းတို့၏ မိဘအုပ်ထိန်းသူများ ထံသို့ လွှဲပြောင်းအပ်နှံပေးလျက် ရှိကြောင်း သိရသည်။
သတင်းစဉ်